Banner Top

Member Area

ဒရမ်မာအသစ်တစ်ခုမှာ ပါဝင်ဖို့ နမ်ဂျူယော့နဲ့ ဆူဇီဆွေးနွေးနေ

  •  Micky
  • Category: News

နမ်ဂျူယော့ နဲ့ ဆူဇီတို့ဟာ MBC ရုပ်သံလိုင်းကနေ မကြာမီ ထုတ်လွှင့်မယ့်ဒရမ်မာမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

 

ဇန်နဝါရီ ၃၁ ရက်မှာ MBC ရုပ်သံလိုင်းက ကိုယ်စားလှယ်တစ်ဦးက အခုလိုပြောထားပါတယ်။

"နမ်ဂျူယော့နဲ့ ဆူဇီတို့ဟာ ဒရမ်မာအသစ်မှာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတယ်ဆိုတာ အမှန်ပါပဲ"

ဒါပေမယ့် သူတို့နှစ်ဦးဟာ ဒရမ်မာကို သုံးသပ်နေဆဲဖြစ်ပြီး ဆုံးဖြတ်ချက်မချသေးဘူးလို့ဆိုပါတယ်။

ဒရမ်မာနာမည်ကတော့ 'Come Here, Hug Me' ဖြစ်ပါတယ်။ အဲဒီဒရမ်မာအသစ်ကို ဒီနှစ် မေလထဲမှာ စတင်ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။ အတိတ်မှာ လူသတ်မှုတစ်ခုထဲပါဝင်ခဲ့ပြီးနောက် အသက်ရှင်နေထိုင်ဖို့ ရုန်းကန်နေရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top