Logo
Print this page

tvN ရဲ့ ဒရာမာအသစ် “Link” မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတဲ့ ကင်ဆွန်းဟို

Start Up ဇာတ်လမ်းတွဲနဲ့ လူသိများကျော်ကြားလာတဲ့ သရုပ်ဆောင်မင်းသား ကင်ဆွန်းဟို ဟာ tvN ရဲ့ ရုပ်သံဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ "Link" မှာ သရုပ်ဆောင်သွားဖို့အတွက် စဉ်းစားနေဆဲလို့ သိရပါတယ်။

“မင်းသားကင်ဆွန်းဟိုဟာ tvN ရုပ်သံလိုင်းရဲ့ ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ Link မှာပါဝင်ဖို့ ကမ်းလှမ်းချက်ရရှိခဲ့ပါတယ်။ ကင်ဆွန်းဟိုက အခုအချိန်မှာ Start-up ဇာတ်လမ်းတွဲကို ရိုက်ကူးနေစဉ်ကာလဖြစ်တာကြောင့် တိတိကျကျ ထုတ်ပြန်ဖို့ကတော့ ဂရုစိုက်ရဦးမှာပါ။ လောလောဆယ်တော့ Link ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကို သေသေချာချာ ဖတ်ရဦးမှာပါ။”


လို့ သူ့ရဲ့ အေဂျင်စီဖြစ်တဲ့ SALT ဖျော်ဖြေရေးကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ထူးခြားဆန်းကြယ်ရိုးမန့်စ်ဒရမ်မာအမျိုးအစားဖြစ်ပြီးတော့ ကင်ဆွန်းဟိုဟာ စားဖိုမှူး Eun Gye Hoon ဆိုတဲ့ အဓိကဇာတ်ကောင်နေရာအတွက် ကမ်းလှမ်းခံထားရတာဖြစ်ပါတယ်။

Eun Gye Hoon ဇာတ်ကောင်ဟာ Michelin Star ရရှိထားတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပြီး သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က သူ့ရဲ့ အမြွှာအစ်မနှစ်ဦးပျောက်ဆုံးသွားတဲ့ ပတ်ဝန်းကျင်မှာ စားသောက်ဆိုင်ဖွင့်ခဲ့တယ်။ Eun Gye Hoon စားဖိုမှူးဟာ ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှုရှိတဲ့အတွက် လာရောက်စားသုံးသူတွေရဲ့ အာရုံစိုက်မှုကို ရရှိလေ့ရှိပါတယ်။

viber image 2020 11 10 12 08 07

တစ်နေ့မှာတော့ သူ့ရဲ့ စိတ်ခံစားမှုတွေဟာ ငိုတလှည့် ရယ်တလှည်နဲ့ မူမမှန်ဖြစ်နေတာကို သိခဲ့ရပြီး အရှက်ရခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒီစိတ်ခံစားချက်မျိုးစုံဟာ Noh Da Hyun ဆိုတဲ့ အမျိုးသမီးရဲ့ အတွင်းစိတ်ဆိုတာကို ရှာဖွေတွေ့ရှိသွားတဲ့အခါ . . .

ဒီဇာတ်လမ်းတွဲကိုတော့ “I Remember You” နဲ့ “Suspicious Partner” ဇာတ်လမ်းတွဲတို့ကို ရေးသားခဲ့တဲ့ Kwon Ki Young စာရေးဆရာ နဲ့ “I Remember You” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့တဲ့ Noh Sang Hoon ဒါရိုက်တာတို့က ပူးပေါင်းပုံဖော်သွားမှာဖြစ်ပါတယ်။

Link ဇာတ်လမ်းတွဲကိုတော့ ၂၀၂၁ ခုနှစ် ခုနှစ် ပထမနှစ်ဝက်မှာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသွားမယ်လို့ သိရပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!