Banner Top

Member Area

စိတ်ကူးထဲက ချစ်သူပုံစံကို ပြောပြခဲ့တဲ့ မင်းသား ကင်ဆွန်းဟို

  •  WN
  • Category: News

မင်းသား ကင်ဆွန်းဟိုဟာ ချစ်သူထားဖို့ကိစ္စနဲ့ပတ်သက်လို့ သူအတွေးအမြင်ကို ဝေမျှခဲ့တာဖြစ်ပါတယ်။ 

မင်းသားက NewsAde နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ အချစ်ရေးအချစ်ရာဘဝနဲ့ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအင်တာဗျူးကို '100 Days My Prince' ဒရာမာအပြီး ၂၀၁၈ ခုနှစ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ပြောဆိုမှုအတွင်းမှာ ကင်ဆွန်းဟိုကို သူ့ရဲ့ စိတ်ကူးထဲက ချစ်သူပုံစံအကြောင်းနဲ့ ချစ်သူထားဖို့ အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ကြတာဖြစ်ပါတယ်။

1604457143270 0

အဲ့ဒီအတွက် ကင်ဆွန်းဟိုက

"ကျနော့် အမြဲတမ်းချစ်သူထားချင်ခဲ့ပါတယ်။ ကျနော်နဲ့အတူနေနိုင်မယ့်သူဆိုရင်တော့ ကောင်းမှာပါ။ ကျနော်နဲ့ သူငယ်ချင်းလိုမျိုး အဆင်ပြေတဲ့သူတစ်ယောက်ယောက်ကို သဘောကျပါတယ်။ တစ်ယောက်ယောက်နဲ့အဆင်ပြေအောင် ကျနော့်ကိုယ်ကျနော် အတင်းအကျပ် စေခိုင်းတာမျိုးမဖြစ်ချင်ပါဘူး။ ခင်ဗျားတို့ ယုံကြည်ဖို့တော့ ခက်လိမ့်မယ်။ ကျနော်က အရှက်အကြောက်ကြီးတဲ့ သူမျိုးပါ။"

လို့ ဆိုပါတယ်။

1604457660204 1604457660204

သူ့ရဲ့ စိတ်ကူးထဲက ချစ်သူပုံစံနဲ့ပတ်သက်လို့

"မရယ်ရတဲ့ ဟာသတွေကိုတောင် ရယ်မောတတ်တဲ့သူကို သဘောကျပါတယ်။ အသေးအဖွဲကိစ္စလေးကအစ ရယ်ရယ်မောမောနဲ့ ပြောတတ်တဲ့သူမျိုးကိုလည်း သဘောကျပါတယ်။ နှစ်ယောက်ကြားဆက်ဆံရေးက အရေးကြီးတယ်လို့ ထင်ပါတယ်။"

လို့ဆိုပါတယ်။ သူဟာလည်းအဲ့ဒီလို ရယ်မောပျော်ရွှင်တတ်တဲ့သူတစ်ယောက် ဖြစ်ချင်တယ်လို့လည်း ဆိုပါတယ်။

1604457763115 1604457763115

သူက

"ကျနော်နဲ့ ဟာသနှောပြီး နေတာမျိုးမတူတဲ့ သူတစ်ယောက်နဲ့တခါတုန်းက တွေ့ခဲ့ဖူးတယ်။ တော်တော်လေးကို အဆင်မပြေဖြစ်ခဲ့တယ်။ ကျနော်က ဟာသတွေအရမ်းပြောတ်တော့ ကျနော်နဲ့အဆင်ပြေမယ့်သူတစ်ယောက်ယောက်ကိုပဲ သဘောကျပါတယ်။"

လို့ဆိုပါတယ်။ 

အင်တာဗျူးအပြည့်အစုံကို အောက်မှာကြည့်နိုင်ပါတယ်။

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top