Banner Top

Member Area

ငယ်ငယ်ကရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာအကြောင်း ပြောပြခဲ့တဲ့ မင်းသား ကင်ဆွန်းဟို

  •  WN
  • Category: News

မင်းသား ကင်ဆွန်းဟိုဟာ သူကလေးဘဝတုန်းက ရရှိခဲ့တဲ့ စိတ်ဒဏ်ရာအကြောင်း ပြောပြခဲ့ဖူးပါတယ်။


အခုလောလောဆယ်မှာ မင်းသားကင်ဆွန်းဟိုဟာ နာမည်ကျော်ကြားနေတဲ့ တောင်ကိုရီးယား မင်းသားတစ်ယောက်ဖြစ်နေပါပြီ. သူ့ရဲ့ ရသစုံအစီအစဉ် ဖြစ်တဲ့ '2 Days & 1 Night' နဲ့ 'Start-up' ဒရာမာတွေကြောင့် ကိုရီးယားနဲ့ နိုင်ငံတကာ အင်တာနက်အသုံးပြုသူတော်တော်များများဟာ သူ့ကို ပိုသိလာကြပါပြီ။ အဲ့ဒါကြောင့် လူတော်တော်များများဟာသူ့ကိုပိုစိတ်ဝင်စားလာကြပြီး သူ့ရဲ့ အတိတ်ကို ပိုသိချင်လာကြပါတယ်။

1604902825599 0
လူစိတ်ဝင်စားခြင်းခံရတဲ့အကြောင်းအရာတစ်ခုကတော့ ကင်ဆွန်းဟိုရဲ့ ပြင်းထန်တဲ့ စိတ်ဒဏ်ရာအကြောင်း ပြောပြခဲ့ဖူးတဲ့ အရင်တုန်းက အင်တာဗျူး တစ်ခုဖြစ်ပါတယ်။ ကင်ဆွန်းဟိုက

"ကျနော်မူလတန်းကျောင်းသား ဘဝတုန်းက ကျနော်တို့အိမ်မှာ အမေနဲ့အတူ ရှိနေတုန်း ဓားပြတစ်ယောက် ဝင်လာခဲ့ပါတယ်။ ကျနော့်အဖေလို့ထင်နေခဲ့တာ အဲ့ဒီနေ့က ကျနော့်အခန်းထဲမှာ ကျနော်က ရှိနေခဲ့တယ်။ ကျနော့်အမေက ဓားနဲ့အထိုးခံခဲ့ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ တော်တော်လေးကို ကြီးမားတဲ့ဖြစ်ရပ်ကြီးပါ။"

လို့ဆိုပါတယ်။

1604902935638 0

သူကဆက်ပြီး

"အရုပ်သေတ္တာနဲ့ ဂီတာက လဲကျသွားခဲ့ပြီး အသံအကျယ်ကြီး ထွက်လာခဲ့တယ်ဆိုတာကို ကျနော့်စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေတုန်းပါ။ ကျနော့်အမေက သွေးထွက်နေတဲ့အချိန်မှာ အမေ့ရဲ့ မျက်လုံးကို ကြည့်လိုက်တယ်။ ဓားပြက အမေ့ကို အော်ဟစ်နေတာကို၊ အမေက ပြန်ခုခံနေတာကို ကျနော်မှတ်မိနေတုန်းပဲ။"

လို့ဆိုပါတယ်။

1604902872581 0
မင်းသားက အဲ့ဒီဖြစ်ရပ်က သူ့အပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှု ဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။ သူက

"အဲ့ဒီနေ့ကစလို့ အချိန်တိုင်း ကျနော့်နောက်မှာ တစ်ယောက်ယောက် ရှိနေသလို ခံစားခဲ့ရတယ်။ ကျနော် စိုးရိမ်မှုတွေ ခံစားရတယ်။ ကျနော် စာမေးပွဲဖြေနေတဲ့အချိန် ဆရာမက က ဘေးကနေ ဖြတ်လျှောက်သွားတဲ့အခါ ကျနော့်စိတ်ထဲမှာ ဗလာကြီး ဖြစ်သွားတယ်။ ကျနော်ကိုယ်တိုင် လူတွေနဲ့ ဆက်ဆံရမယ့် အလုပ်တစ်ခုရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"

လို့လည်း ဆိုပါတယ်။


အဲ့ဒီဖြစ်ရပ်ပြီးတဲ့နောက် သူ့မိခင်ရဲ့ အခြေအနေကိုလည်း မေးမြန်းခဲ့ပါတယ်။သူက

"တချို့အချိန်တွေမှာတော့ သူက အဖြူရောင် ရှပ်အကျီနဲ့ ဂျင်းန်ဝတ်ထားတဲ့လူတွေကို မြင်ရင် စိတ်ထဲမှာ ပင်ပန်းရတယ်လို့ ပြောခဲ့တယ်။ သူက အဲ့ဒီဓားပြအကြောင်းပဲ စိတ်ထဲရောက်နေတယ်။ ကျနော်တို့ အပြင်ထွက်ကြတဲ့အခါ အမေက သူ တံခါးကို သော့သေချာမခတ်ခဲ့ဘူးလို့ပဲ ထင်နေတာ။ ဒါပေမယ့် အမေအခုတော်တော်လေး ကောင်းလာနေပါပြီ။"

လို့လည်း ပြန်ဖြေခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top