Banner Top

Member Area

Jimin ရဲ့ အမေရိကန်မှ ပရိသတ်တွေက ဖိလစ်ပိုင်မှ Rolly (Goni) တိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသူတွေအတွက် လှူဒါန်းခဲ့

  •  YuNandarHtun
  • Category: News

ကေပေါ့လောကမှာ BTS အဖွဲ့ဝင် Jimin ဟာ ကောင်းမွန်တဲ့ သြဇာလွှမ်းမိုးမှုရှိသူ ဖြစ်ပါတယ်။

နိုဝင်ဘာလ၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Jimin ရဲ့ပရိသတ်တွေက Park Jimin ယူအက်စ်အေ၊@ ParkJiminUSA95 နာမည်နဲ့ မကြာသေးခင်က ဖိလစ်ပိုင်နိုင်င့မှာ ကြုံတွေ့ရတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း Goni ရဲ့ ကြီးမားတဲ့ အဖျက်စွမ်းအားကြောင့်ထိခိုက်သူတွေကို ကူညီဖို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

1604325243 img 2202

တွစ်တာမှာ သူတို့က "မကြာသေးခင်ကစူပါတိုင်ဖွန်းမုန်တိုင်း Rolly (Goni) မှရိုက်နှက်ခံခဲ့ရတဲ့ ဖိလစ်ပိုင်မှ မိတ်ဆွေတွေဟာ ကျွနု်ပ်တို့ရဲ့ အကူအညီနဲ့ပြန်လည်ထူထောင်ပါ။ ငါတို့ဟာ Park Jimin ရဲ့နာမည်နဲ့ ထိခိုက်ခဲ့ရတဲ့ ကလေးတွေနဲ့ မိသားစုကို ကူညီဖို့ SaveChidrenPH ကိုလှူဒါန်းခဲ့ပါတယ်။ သူတို့တွေကို မစောင့်ဆိုင်းရစေချင်ပါဘူး။" လို့ရေးသားခဲ့ပါတယ်။

ပရိသတ်တွေက အခြားသူတွေကို သူတို့ရဲ့ လှူဒါန်းမှုတွေကနေတဆင့် ဒုက္ခသည်တွေကို ပိုမိုကူညီနိုင်ဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်။ Save the Children အဖွဲ့ဟာ ကလေးတွေအတွက် ကမ္ဘာ့ကဦးဆောင်တဲ့လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ဖိလစ်ပိုင်မှာ ကလေးတွေ ထိခိုက်နစ်နာမှုပြဿနာတွေ ကုံတွေ့ရတဲ့အခါ သူတို့ဟာ ပထမဆုံးတုံ့ပြန်မှုဖြစ်ပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်း Rolly ရဲ့ တိုက်ခတ်မှုကြောင့်မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ပျက်စီးမှု၊ ထိခိုက်နစ်နာတဲ့ကလေးတွေနဲ့မိသားစုတွေကိုကူညီဖို့ အလှူငွေတွေကိုလက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီဘေးအန္တရာယ်မှရှေ့ကို ချီတက်လာတာနဲ့အမျှကလေးတွေနဲ့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ အဖွဲ့အစည်းကတုံ့ပြန်သွားမှာ ဖြစ်ပါတယ်။

1604325281 ely7cd3u0aaail6

စူပါတိုင်ဖွန်းမုန်တိုင်း Rolly ဟာ၂၀၂၀ ပြည့်နှစ်မှာ ဖိလစ်ပိုင်ကို ပြင်းထန်စွာတိုက်ခတ်ခဲ့ပါတယ်။လေပြင်းမုန်တိုင်းနဲ့မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်၊ အဆောက်အဦး၊မော်တော်ယာဉ်၊ ပစ္စည်း၊ သီးနှံ၊လမ်း၊တံတား စတာတွေ ပျက်စီးခဲ့ပါတယ်။ မိသားစုများစွာက သူတို့ရဲ့ နေအိမ်တွေကိုဘေးကင်းလုံခြုံတဲ့ နေရာဆီ ရွှေ့ပြောင်းခဲ့ကြရပါတယ်။

အလားတူဖိလစ်ပိုင်နိုင်ငံမှ ARMY Bayanihan @ARMYBayanihan ကလည်း ဖိလစ်ပိုင်မုန်တိုင်းဒဏ်သင့်ဒေသတွေကို အစားအစာအထုပ်ပံ့ပိုးပေးဖို့ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းကိုစတင်ခဲ့ပါတယ်။ သူတို့တွေဟာ လယ်သမားတွေထံမှ ဆန်ဝယ်ယူဖို့ အလှူရှင်တွေကိုတောင်းဆိုနေကြပါတယ်၊ တိုင်ဖုန်းမုန်တိုင်းသင့်ဒုက္ခသည်တွေကိုလှူဒါန်းဖို့ ဖြစ်ပါတယ်။

ဒီအတောအတွင်းတူရကီမှ Jimin ရဲ့ ပရိသတ်တွေက Fairy Chim TR @fairychimtr ကပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်ကတူရကီနိုင်ငံ၊ Izmirမှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ ငလျင်ဒဏ်ခံရသူတွေကိုလှူဒါန်းဖို့ရာအတွက်ဆက်လက်လှူဒါန်းမှုတွေကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။ အိုးမဲ့အိမ်မဲ့နှင့်ဒဏ်ရာရသူတွေကို ကူညီပံ့ပိုးပေးမယ့် အဖွဲ့အစည်းတူရကီလခြမ်းနီ၊ AKUT Search & Rescue Association တို့နဲ့ အတူမျှဝေဖို့ အားပေးထောက်ခံမှုကိုရှာဖွေခဲ့ပါတယ်။

Jiminကဟာ လိုအပ်တဲ့ ကျောင်းသားတွေရဲ့ ပညာရေးရန်ပုံငွေကိုသူ့မွေးရပ်မြေပြင်ပမှာ လှူဒါန်းခဲ့ပြီးကျောင်းသားတွေအားလုံးအတွက် ကုလားထိုင်၊စားပွဲခုံတွေလည်း လှူခဲ့ပါသေးတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top