Banner Top

Member Area

BTS ရဲ့ Fake Love ဂီတဗီဒီယိုဟာ Youtube မှာ ကြည့်ရှုသူသန်း ၈၀၀ကျော်ပြီ

  •  PPKA
  • Category: News

BTS ရဲ့ဂီတဗီဒီယိုတွေထဲက တစ်ပုဒ်ဟာ ဆိုရင် YouTube သမိုင်းမှာ နောက်ထပ် မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြန်ပါပြီ။

 

BTS အဖွဲ့ရဲ့ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ 'Love Yourself:Tear' အယ်လ်ဘမ်ထဲက 'Fake Love' သီချင်းဟာ နိုဝင်ဘာလ ၁ရက်နေ့ ကိုရီးယားစံတော်ချိန် မနက် ၁:၁၉ မိနစ်မှာ YouTube မှာ ကြည့်ရှုသူပေါင်း သန်း ၈၀၀ ကို ကျော်လွန်ခဲ့ပါတယ်။ ဒီဗီဒီယိုဟာ 'DNA' ကြည့်ရှုသူ ၁.၁ ဘီလီယံကျော်တဲ့ 'DNA' နဲ့ မကြာသေးမီက ကြည့်ရှုသူ ၁ ဘီလီယံ ကျော်ခဲ့တဲ့ 'Boy With Love' ဗီဒီယိုတွေရဲ့ နောက်က လိုက်လျက်ရှိတဲ့ BTS ရဲ့တတိယမြောက် ကြည့်ရှုသူအများဆုံးဂီတ ဗီဒီယို ဖြစ်ပါတယ်။

မှတ်တိုင်အသစ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ Big Hit အင်တာတိန်းမန့်က သူတို့ရဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာ ချန်နယ်တွေမှာ အဖွဲ့ဝင်၇ယောက်လုံးပါဝင်တဲ့ 'Fake Love' ပုံရိပ်ကို မျှဝေပေးခဲ့ပါတယ်။

1604219093 fakelove

တစ်ချိန်တည်းမှာပဲ BTS ရဲ့ နောက်ထပ် ဂီတဗီဒီယိုတွေ ဖြစ်တဲ့ 'IDOL' က ကြည့်ရှုသူ သန်း ၈၀၀ နားကို ရောက်ရှိနေခဲ့ပြီး 'Mic Drop' ဟာလည်း သန်း ၇၀၀ ကျော်ကို ရောက်ရှိလို့ နေခဲ့ပါပြီ။
ဂုဏ်ယူပါတယ် BTS ရေ။

 

#PPKA

ဆက်စပ်နေသော ရေးသားချက်များ

Banner Top