Banner Top

Member Area

အမေရိကန် ဂီတဆုပေးပွဲမှာ “Dynamite” နဲ့ Single သီချင်းဖျော်ဖြေမယ့် BTS အဖွဲ့

  •  WN
  • Category: News

BTS အဖွဲ့ရဲ့ သီချင်းအသစ်ကို ရုပ်သံကနေ ပထမဆုံး ထုတ်လွှင့်မှာကတော့ ၂၀၂၀ အမေရိကန်ဂီတဆုပေးပွဲမှာဖြစ်လာနိုင်ပါတယ်။

BTS အဖွဲ့ဟာ ၂၀၂၀ အမေရိကန်ဂီတဆုပေးပွဲမှာ သူတို့ရဲ့ Single သီချင်း ရုပ်သံပွဲဦးထွက်အဖြစ် ဖျော်ဖြေမှာဖြစ်ပြီး ဂီတဇယားတွေမှာထိပ်ဆုံးရောက်ခဲ့တဲ့ “Dynamite" သီချင်းလည်း ပါဝင်လာမှာဖြစ်ပါတယ်။ BTS အဖွဲ့ဟာ လက်ရှိမျာတော့ နိုဝင်ဘာ ၂၀ ရက်မှာ ထွက်ရှိမယ့် သူတို့ရဲ့ အယ်လ်ဘမ်နဲ့ Comeback ကို ပြင်ဆင်နေပါတယ်။

EldK0ZsUYAA6w9I

၂၀၂၀ အမေရိကန်ဂီတဆုပေးပွဲကို နိုဝင်ဘာလ ၂၂ ရက်မှာ ထု်တလွှင့်သွားမှာ ဖြစ်ပြီး BTS အဖွဲ့ဟာ အဲ့ဒီဆုပေးပွဲအတွက် Favorite Duo or Group – Pop/Rock နဲ့ Favorite Social Artist ဆုတွေကို လျာထားခံထားရပါတယ်။

၂၀၁၇ ခုနှစ် အမေရိကန်ဂီတဆုပေးပွဲမှာတော့ BTS အဖွဲ့ဟာ “DNA” သီချင်းကို ဖျော်ဖြေခဲ့ပြီး အဲ့ဒါဟာ အမေရိကန်ဂီတဆုပေးပွဲသက်တမ်း တလျှောက်မှာ ပထမဆုံးဖျော်ဖြေခဲ့တဲ့ ကိုရီးယားအဖွဲ့ဖြစ်လာခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top