Logo
Print this page

Clinique ရဲ့ကြော်ငြာပိုစတာတွေမှ Irene ရဲ့ပုံတွေကိုဖယ်ရှား

အလှကုန် Brand တစ်ခုဖြစ်တဲ့ Clinique ကတော့ Red Velvet အဖွဲ့ဝင် Irene ရဲ့အငြင်းပွားဖွယ်ရာပြဿနာတွေပေါ်လာပြီးနောက်မှာ Irene ရဲ့ပုံတွေအကုန်လုံးကိုဖယ်ရှားလိုက်ပါပြီ။

ယခင်က အလှကုန်စတိုးတွေရဲ့ကိုယ်ပိုင်ကြော်ငြာတွေမှာဖယ်ရှားခံရပါတယ်။ ဒါပေမဲ့ အဲဒီအလှကုန်ပစ္စည်းရဲ့ကြော်ငြာတွေမှာတော့ဖယ်ရှားခံရခြင်းမရှိခဲ့ပါဘူး။ အခုအချိန်မှာတော့အဲဒီကုန်ပစ္စည်းရဲ့ကြော်ငြာတွေမှာ
အဆိုတော်ပုံရိပ်တွေကိုဖယ်ရှားလိုက်ပြီပဲဖြစ်ပါတယ်။

1603904817 image

အောက်တိုဘာလ ၂၈ ရက် Sports Khan News ရဲ့ထုတ်ပြန်ချက်အရ စတိုးဆိုင်တော်တော်များများဟာ Irene ရဲ့ပိုစတာတွေနေရာမှာ တခြားတစ်ခုနဲ့အစားထိုးဖို့Clinique ရဲ့လမ်းညွှန်ချက်အရလုပ်ဆောင်ခဲ့တယ်လို့
ပြောကြားထားပါတယ်။အခုဆိုရင် Clinique ရဲ့ထုတ်ကုန်ကြော်ငြာတွေနဲ့ဝက်ဘ်ဆိုက်ပေ့ခ်ျတွေမှာ Irene ရဲ့ပုံတွေကိုဖယ်ရှားလိုက်ပါပြီ။

Irene ဟာ ယခုနှစ်ရဲ့မတ်လထဲမှာ Clinique ရဲ့သီးသန့်မော်ဒယ်လ်ဖြစ်လာတာပဲဖြစ်ပါတယ်။ Clinique ကတော့ Irene ကိုကြော်ငြာမော်ဒယ်လ်အဖြစ်ခန့်အပ်တာဟာသူ့ရဲ့ ကျန်းမာပြီးလှပတဲ့အသားအရေကြောင့်ထက်
သူ့ရဲ့ကောင်းမွန်တဲ့ပုံရိပ်ကြောင့်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။

အများစုကတော့ Clinique ဟာ Irene ရဲ့လတ်တလောဖြစ်ပွားထားတဲ့အငြင်းပွားဖွယ်ရာတွေရဲ့ဖိအားတွေ‌တွေကြောင့်လုပ်တာဖြစ်တယ်လို့ထင်နေကြပါတယ်။

ဖက်ရှင်စတိုင်လ်လစ်နဲ့အယ်ဒီတာတစ်ဦးရဲ့အင်တာနက်ပေါ်ကစာတွေကြောင့်အခုလိုပြဿနာတွေစတင်လာခဲ့ပါတယ်။ အဲ့ဒီစာမှာတော့ နာမည်ကြီး Celebrity တစ်ဦးရဲ့နှုတ်ဖြင့်စော်ကားမှုခံရတယ်လို့ရေးသားပြီးနောက်
"Psycho နဲ့ Monster" ဆိုတဲ့ hastage တွေကြောင့် Red Vevet အဖွဲ့ဝင် Irene ဖြစ်တယ်လို့အင်တာနက်အသုံးပြုသူတွေဟာခန့်မှန်းခဲ့ကြတာပဲဖြစ်ပါတယ်။အဲဒီနောက် SM Entertainment ကထုတ်ပြန်ချက်တစ်ခုထုတ်ပြီးနောက်နောက်ဆုံးမှာတော့ Irene ဟာ အဲဒီစတိုင်လ်လစ်ကိုရောပရိသတ်တွေကိုပါ တောင်းပန်ခဲ့တာပဲဖြစ်ပါတယ်။

#Real__emnl

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!