Banner Top

Member Area

Irene ရဲ့ပွဲဦးထွက်ရုပ်ရှင် 'Double Patty' ပြသမယ့် ရွှေ့ဆိုင်းဖို့ ဆွေးနွေးနေဟုဆို

  •  Real__emnl
  • Category: Music

အောက်တိုဘာလ ၂၃ ရက်နေ့ မီဒီယာတွေရဲ့ဖော်ပြမှုအရ Red Velvet အဖွဲ့ ဝင် Irene ရဲ့ ပွဲဦးထွက်ရုပ်ရှင် "Double Patty" ပြသမယ့်ရက်ကိုရွှေ့ဆိုင်းကောင်းရွှေ့ဆိုင်းနိုင်တယ်လို့ သိရပါတယ်။

' Double Patty' ရဲ့ရုပ်ရှင်ရိုက်ကူးရေးကတော့မင်းသား Shin Seung Hoနဲ့ Irene တို့ပါဝင်ပြီးစက်တင်ဘာလအလယ်လောက်မှာရိုက်ကူးပြီးစီးခဲ့ပါတယ်။ KT ရဲ့ seezn ကနေပြီးထုတ်လုပ်ဖြန့်ချိမှာလည်းဖြစ်ပါတယ်။အဲဒီရုပ်ရှင်ကတော့ သတင်းကြေညာသူအသစ်တစ်ယောက် ဖြစ်လာဖို့အိပ်မက်မက်နေတဲ့ တက္ကသိုလ် ကျောင်းသူတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။

ဒါပေမဲ့ 'Double Patty' ကတော့ ၂၀၂၀ ပြည့်နှစ်ရဲ့နှစ်ကုန်ပိုင်းလောက်မှာရုပ်ရှင်ရုံတွေမှာပြသဖို့မျှော်လင့်ခဲ့ထားပေမဲ့Irene ရဲ့လတ်တလောဖြစ်ပွားနေတဲ့SNS ပေါ်မှာ အယ်ဒီတာတစ်ယောက်ရဲ့ အငြင်းပွားဖွယ်ရာတွေကြောင့်
ရုပ်ရှင်ပြသမယ့်ရက်ကတော့ ၂၀၂၁ ခုနှစ်နောက်ပိုင်းကိုရွှေ့မယ့်အလားအလာ ရှိတယ်လို့ယူဆရပါတယ်။

ဒါပေမဲ့ 'Double Patty' ရဲ့ထုတ်လုပ်ရေးကုမ္ပဏီကတော့ Irene ရဲ့အငြင်းပွားဖွယ်ရာပြဿနာတွေကြောင့်ရွှေ့ဆိုင်းခြင်းမဟုတ်ကြောင်းငြင်းဆိုထားပါတယ်။ကိုယ်စားလှယ်တစ်ဦးရဲ့ပြောပြချက်အရ

"ပြီးခဲ့တဲ့အပတ်ထဲက ရုပ်ရှင်မိတ်ဆက်ပွဲကိုရွှေ့ဆိုင်းဖို့ဆွေးနွေးနေကြတာပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ လက်ရှိရုပ်ရှင်ရုံတွေရဲ့အခြေအနေကြောင့်Covid 19 အပြီးမှသာပြသမှာဖြစ်တယ်ပါတယ်"


လို့သိရပါတယ်။

#Real__emnl

ဆက်စပ်နေသော ရေးသားချက်များ

Banner Top