Banner Top

Member Area

Stylist ကို ပြုမှုခဲ့တဲ့ လုပ်ရပ်အတွက် Red Velvet အဖွဲ့ဝင် Irene ကိုယ်တိုင် တောင်းပန်

  •  WN
  • Category: News

Red Velvet အဖွဲ့ဝင် Irene ဟာ ဒီနေ့အစောပိုင်းမှာ အငြင်းပွားဖွယ် အဖြစ် ပေါ်ထွက်လာခဲ့တဲ့ သူ့ရဲ့သဘောထား အငြင်းပွားမှုနောက်ပိုင်းမှာ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်လိုက်ပါတယ်။

SM အင်တာတိန်းမန့်ကနေ ထုတ်ပြန်လိုက်တဲ့ တရားဝင်ထုတ်ပြန်ချက်ထဲမှာ Irene ဟာ သူ့ရဲ့သဘောထားနဲ့ပတ်သင်လို့ မူရင်းပို့စ်ကို တင်ခဲ့တဲ့ stylist နဲ့ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံခဲ့ပြီး တောင်းပန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

efeqf

SM က


"SM အင်တာတိန်းမန့်ဖြစ်ပါတယ်။ stylist တစ်ဦးကနေ Irene နဲ့ ပတ်သက်လို့ တင်ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်အကြောင်း မှတ်ချက်ပေးချင်ပါတယ်။ Irene ဟာ အဲ့ဒီ stylist ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ကိုယ်တိုင်တွေ့ဆံုံခဲ့ပြီး သူ့ရဲ့ ဂရုမစိုက်ဖြစ်ခဲ့ရတဲ့သဘောထား၊ စိတ်ပိုင်းဆိုင်ရာပေါက်ကွဲထွက်မှုနဲ့ လုပ်ရပ်တွေကြောင့် stylist ကို သူခံစားစေခဲ့တဲ့ ထိခိုက်နာကျင်မှုတွေအတွက် စိတ်ရင်းနဲ့ တောင်းပန်ခဲ့ပါတယ်။ သူ့ရဲ့ မရင့်ကျက်တဲ့ပုံရိပ်ကြောင့် လူတော်တော်များများ စိုးရိမ်ခဲ့ကြရတဲ့အတွက် ကျနော်တို့တောင်းပန်ပါတယ်။"

လို့ဆိုပါတယ်။

fqf ef f

အခုလိုဖြစ်ရပ်အတွက် သူတို့အနေနဲ့ တာဝန်ရှိကြောင်းနဲ့ ပြောင်းလဲဖို့ သံန္နိဌာန်ပြုကြောင်း လည်း ဖော်ပြခဲ့ပါတယ်။

Irene ကလည်း သူလုပ်ခဲ့တာတွေအတွက် တောင်းပန်စာတစ်ခုကို ကိုယ်ပိုင် IG အကောင့်မှာ တင်ခဲ့ပါတယ်။ အဲ့ဒီစာထဲမှာ

"Irene ဖြစ်ပါတယ်။ ကျမရဲ့ ရူးမိုက်တဲ့သဘောထား၊ ဂရုမစိုက်တဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေကြောင့် အဲ့ဒီ stylist ကို ထိခိုက်စေခဲ့တဲ့အတွက် စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ မရင့်ကျက်တဲ့အပြုအမူကြောင့် အဲ့ဒီအချိန်တုန်းက ကျမနဲ့အတူ အလုပ်လုပ်ကြတဲ့ လူတော်တော်များများကို ထိခိုက်စေခဲ့တဲ့အကြောင်းအရာကို နောင်တရပြီး ဆင်ခြင်နေပါတယ်။ အဲ့ဒါကြောင့် အိတိတ်ကို ပြန်လှည့်ကြည့်ရင် ကျမရဲ့ ချို့တဲ့တဲ့ အပြုအမူ၊ လုပ်ရပ်နဲ့ စကားလုံးတွေကြောင့် ရှက်မိပါတယ်။ ကျမတို့ရဲ့ ဝန်ထမ်းတွေရဲ့ အရေးကြီးမှုကို နားလည်သဘောပေါက်ပါတယ်။"

လို့ဆိုပါတယ်။

qefq fqe qf
ဒါ့အပြင် အနာဂတ်မှာလည်း ပိုမိုကောင်းမွန်အောင် ပြောင်းလဲသွားမယ်လို့ ဆန္ဒပြုတယ်လို့လည်း ဆိုပါတယ်။


သဘောထားညံ့ဖျင်းတဲ့ Idol တစ်ယောက်ကို ပစ်မှတ်ထားတဲ့ အမည်မသိ Stylist တစ်ဦးရဲ့ ပို့စ်ဟာ ဒီနေ့အစောပိုင်းမှာ တက်လာခဲ့ပြီး သဲလွန်စတွေအရ အဲ့ဒီ Idol ဟာ Red Velvet အဖွဲ့ဝင်တစ်ဦးကို ရည်ရွယ်ထားကြောင်း အဲ့ဒါဟာ Irene ဖြစ်ကြောင်း အင်တာနက်အသုံးပြုသူတချို့က သံသယရှိခဲ့ကြပါတယ်။ တစ်ဖက်မှာကတော့ Reveluvs တွေဟာ Irene ဘက်ကနေ ကာကွယ်ပေးခဲ့ကြပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ တခြားထုတ်လုပ်ရေး ဝန်ထမ်းတွေက အဲ့ဒါဟာ Irene ဖြစ်ကြောင်း ထုတ်ပြောခဲ့ကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top