Banner Top

Member Area

Clinique ကြော်ငြာတွေမှာပါဝင်တဲ့ Irene ရဲ့ပုံတွေကို အလှကုန်စတိုးတွေမှာဖယ်ရှား

  •  Real__emnl
  • Category: News

Red Velvet အဖွဲ့ဝင် Irene ဟာ ၂၀၂၀ ပြည့်နှစ် မတ်လမှာ Clinique Korea ရဲ့တရားဝင်မျက်နှာသစ် မော်ဒယ်ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အယ်ဒီတာတစ်ယောက်ဖြစ်တဲ့Kang Kook Hwa ရဲ့အကောင့်မှာ Irene ရဲ့ ပြောဆိုမှုတွေခံခဲ့ရတယ်လို့တင်ပြီးနောက် များစွာသောအလှကုန်စတိုးတွေမှာတော့သူ့ရဲ့ပုံတွေကိုဖယ်ရှားလိုက်ပြီပဲဖြစ်ပါတယ်။

လူသိများတဲ့ အလှကုန်စတိုးဖြစ်တဲ့ Olive Young၊ အွန်လိုင်းရှော့ပင်းမောလ်တစ်ခုဖြစ်တဲ့ SSG.com တွေမှာ Irene ပါဝင်ထားတဲ့ ကြော်ငြာတွေ ပရိုမိုးရှင်းတွေကိုIrene ရဲ့အငြင်းပွားဖွယ်ရာတွေကြောင့်အရောင်းပိုင်းမှာ မကောင်းတဲ့မှတ်ချက်တွေသက်ရောက်မှာစိုးတဲ့အတွက်ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။

Twitter ပေါ်မှာတော့ စွမ်စွဲချက်တစ်ခုကြောင့် Olive Young ဝန်ထမ်းရဲ့ဖော်ပြချက်အရ


"Olive Young ဌာနချုပ်က တရားဝင်ထုတ်ပြန်ချက်အရစတိုးအားလုံးမှာရှိတဲ့ အရောင်းမြှင့်တင်ရေးပစ္စည်းတွေမှာIrene ကိုဖယ်ရှားဖို့ပြောတာကြောင့်ဖြစ်တယ်"


လို့ရေးသားထားပါတယ်။

ဒါပေမဲ့ 'Clinique Korea' ရဲ့တရားဝင်အင်စတာဂရမ်တွေမှာတော့ Irene ရဲ့ ကြော်ငြာ တွေကိုဖယ်ရှားထားခြင်းမရှိပါဘူး။အင်တာနက်အသုံးပြုသူတချို့ကတော့Irene ဟာ အဲဒီကုန်ပစ္စည်းရဲ့ထောက်ခံမှုရထားတဲ့မော်ဒယ်လ်ဖြစ်နေသရွေ့သပိတ်မှောက်လို့မရဘူးလို့ဝေဖန်ထားကြပါတယ်။

ပြီးခဲ့တဲ့သတင်းတွေကတော့,အယ်ဒီတာ Kang Kook Hwa အကောင့်ရဲ့ပထမဆုံးတင်ထားတဲ့စာမှာ အနုပညာရှင်တစ်ယောက်ဟာသူ့အပေါ် ဘယ်လိုရက်စက်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီးရေးတင်ခဲ့တာကြောင့် များစွာသောအင်တာနက်အသုံးပြုသူတွေဟာအဲ့ဒီအယ်ဒီတာရဲ့ Monster နဲ့ Psycho ဆိုတဲ့ hastag တွေကြောင့် အဲဒီသူဟာ Red Vevet အဖွဲ့ဝင် Irene ဖြစ်တယ်ဆိုတာခန့်မှန်းခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ Irene ဟာ ကိုယ်တိုင်တောင်းပန်ခဲ့ပြီး တောင်းပန်စာကိုလည်းတင်ခဲ့ပါတယ်။

#Real__emnl

ဆက်စပ်နေသော ရေးသားချက်များ

Banner Top