Banner Top

Member Area

Girls'Generation အဖွဲ့ဝင် ယူရီက ထယ်ယွန်၊ ယွန်းနာတို့နဲ့ TVXQ ချန်းမင်းရဲ့ မင်္ဂလာပွဲတက်ဓာတ်ပုံကို ဝေမျှ

  •  YuNandarHtun
  • Category: News

အောက်တိုဘာ ၂၅ ရက်ကကျင်းပခဲ့တဲ့ TVXQ အဖွဲ့ဝင် ချန်မင်းရဲ့မင်္ဂလာပွဲကို Girls 'Generation မှယူရီက ပရိသတ်တွေကို ရှားရှားပါးပါးမြင်တွေ့ခွင့်ရစေခဲ့ပါတယ်။

မကြာသေးမီက အင်စတာဂရမ်ပိုစ့်တစ်ခုမှာ ယူရီက"Side by Side " လို့ရေးသားခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့ ဝင် ထယ်ယွန်၊ ယွန်နာအတူ လှပတဲ့ Outdoor မင်္ဂလာဆောင်အခမ်းအနားမှာ ရပ်နေတာကို ဓာတ်ပုံရိုက်ပြီး ဝေမျှထားတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း ကိုဗစ်၁၉ရောဂါကြောင့် ချန်မင်းရဲ့ မင်္ဂလာပွဲကို တင်းတင်းကျပ်ကျပ်သီးသန့်လွတ်လပ်စွာကျင်းပခဲ့တယ်ဆိုတဲ့ အချက်ကို ပရိသတ်တွေက စိတ်ပျက်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ အကြောင်းမှာတော့ ခချန်းမင်းနဲ့ လုပ်ဖော်ကိုင်ဖက် အသိမိတ်ဆွေတွေဖြစ်ကြတဲ့ ယူနိုနဲ့ Girls' Generation၊ SHINee၊Super Junior၊ EXO တို့နဲ့အတူ ယှဉ်တွဲတွေ့ရမယ့် ပုံတွေကို မမြင်တွေ့ရလို့လည်း ဖြစ်ပါတယ်။

viber image 2020 10 27 10 51 07

ဖော်ပြထားတဲ့ ယူရီရဲ့ ရှားရှားပါးပါး SNS ပိုစ့်အပြင် Super Junior မှ လီထွဋ်၊ဘိုအာ စတဲ့ SM Entertainment အနုပညာရှင်တွေက သူတို့ဟာ အောက်တိုဘာ ၂၅ ရက်မှာ ချန်မင်းရဲ့ မင်္ဂလာပွဲကို တက်ရောက်ခြင်းဖြစ်နိုင်တယ်လို့ အရိပ်အမြွက် ဖော်ပြထားကြပါတယ်။

wfgvewfg

TVXQ အဖွဲ့ဝင် ချန်မင်းရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ်။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top