Banner Top

Member Area

TVXQ ရဲ့ ဂီတဗီဒီယို တစ်ခုမှာ အမှားအယွင်းဖြစ်ခဲ့လို့ Youtube ကနေ ပြန်ဖြုတ်ခဲ့တဲ့ SM အင်တာတိန်းမန့်

  •  WN
  • Category: News

SM အင်တာတိန်းမန့်ဟာ သူ့ရဲ့အမှားကို အမြန်ဆုံးပြင်ဆင်ခဲ့ရပါတယ်။

ဧပြီ ၃ ရက် ညသန်းခေါင်းယံအချိန်မှာ SM အင်တာတိန်းမန့်ဟာ အဖွဲ့ဝင်နှစ်ဦးပါဝင်တဲ့ TVXQ အဖွဲ့ရဲ့ အဌမမြောက် အယ်လ်ဘမ်ထဲက 'Love Line’ ဆိုတဲ့သီချင်းရဲ့ ဂီတဗီဒီယိုကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမယ့် ဖြန့်ချိပြီးမကြာခင်မှာပဲ အဲဒီဂီတဗီဒီယိုဟာ ကွန်ပျူတာဂရပ်ဖစ် Error ကြောင့် SM အင်တာတိန်းမန့်ရဲ့ တရားဝင် Youtube ချန်နယ်ဖြစ်တဲ့ 'SMTOWN' ကနေ ဖယ်ရှားခံလိုက်ရပါတယ်။ SM အင်တာတိန်းမန့်ဟာ သူ့ရဲ့အမှားကို အမြန်ဆုံးပြင်ဆင်ခဲ့ရပါတယ်။ ဧပြီ ၃ ရက် ညသန်းခေါင်းယံအချိန်မှာ SM အင်တာတိန်းမန့်ဟာ အဖွဲ့ဝင်နှစ်ဦးပါဝင်တဲ့ TVXQ အဖွဲ့ရဲ့ အဌမမြောက် အယ်လ်ဘမ်ထဲက 'Love Line’ ဆိုတဲ့သီချင်းရဲ့ ဂီတဗီဒီယိုကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမယ့် ဖြန့်ချိပြီးမကြာခင်မှာပဲ အဲဒီဂီတဗီဒီယိုဟာ ကွန်ပျူတာဂရပ်ဖစ် Error ကြောင့် SM အင်တာတိန်းမန့်ရဲ့ တရားဝင် Youtube ချန်နယ်ဖြစ်တဲ့ 'SMTOWN' ကနေ ဖယ်ရှားခံလိုက်ရပါတယ်။ 


အဲဒီဗီဒီယိုထဲမှာ ဇာတ်ဝင်ခန်းတစ်ခုမှာဆိုရင် ကမ္ဘာ့မြေပုံကို ပြသတဲ့နေရာတစ်ခုပါဝင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့မြေပုံထဲမှာ ဂျပန်နိုင်ငံမပါဝင်ခဲ့ဘူးဆိုတာကို ပရိသတ်တွေ သတိထားမိလိုက်ပါတယ်။ အဲဒီအတွက် ဂျပန်ပရိသတ်တော်တော်များများက စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ အဲဒီပြဿနာကို တုန့်ပြန်တဲ့အနေနဲ့ SM အင်တာတိန်းမန့်ဟာ တောင်းပန်စာကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး အေဂျင်စီကလည်း အဲဒီ ကွန်ပျူတာ ဂရပ်ဖစ် Error ကို ပြန်ဆင်လိုက်ပါတယ်။


KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top