Banner Top

Member Area

BTS နဲ့ SEVENTEEN အဖွဲ့ကို သဘောကျကြောင်း TVXQ အဖွဲ့ပြော

  •  Uchun
  • Category: News

TVXQ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ယွန်ဟိုနဲ့ ချန်းမင်းတို့ဟာ အံ့သြလောက်ဖွယ် အရည်အချင်းတွေကြောင့် BTS နဲ့ SEVENTEEN အဖွဲ့ကို ကြိုက်နှစ်သက်တဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

47414852

မတ် ၂၈ ရက်မှာပဲ သူတို့နှစ်ဦးဟာ အဌမမြောက် အယ်လ်ဘမ် 'New Chapter #1: The Chance of Love’ နဲ့အတူ Comeback အတွက် Showcase တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲ စကားပြောဆိုမှုမှာ သူတို့နှစ်ဦးဟာ တခြားကြိုက်နှစ်သက်တဲ့ အမျိုးသားအဆိုတော်အဖွဲ့တွေကို ပြောဆိုခဲ့ကြပါတယ်။ ချန်းမင်းက အရင်ဆုံး အခုလို ဖြေထားပါတယ်။

41566
 
“ကျွန်တော် BTS အကြောင်း အရင်ဆုံးမစဉ်းစားဘဲ မနေနိုင်ပါဘူး၊ သူတို့က ကောင်းကောင်းလုပ်နိုင်ပါတယ်၊ ဒါကြောင့် ကျွန်တော်သူတို့ကို သတိထားမိတာပါ”

အဲဒီအဖြေကို ယွန်ဟိုက ထပ်ပေါင်း ဖြေပေးထားပါတယ်။

“ကျွန်တော်လည်း BTS ကို ရွေးပါမယ်၊ သူတို့စင်ပေါ်မှာ ဖမ်းစားနိုင်တဲ့အတွက် သူတို့ကို ကျွန်တော် အားကျပါတယ်၊ အရမ်းကိုပဲ စိတ်အားတက်ကြွပုံရပါတယ်၊ SEVENTEEN အဖွဲ့လည်း အတူတူပဲ ဖြစ််ပါတယ်"

TVXQ အဖွဲ့ဟာည လက်ရှိမှာ 'The Chance of Love' သီချင်းနဲ့ Comeback ပရိုမိုးရှင်းအတွက် လက်ရှိမှာ အလုပ်များနေပါတယ်။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top