Banner Top

Member Area

TVXQ အဖွဲ့ ဂျပန်နိုင်ငံတွင် Dome Tour ၅ ခုကို ၃ကြိမ်ပြုလုပ်နိုင်သည့် ပထမဆုံးနိုင်ငံခြားအနုပညာရှင် ဖြစ်လာ

  •  Micky
  • Category: News

TVXQ အဖွဲ့ဟာ အဖွဲ့ဝင်တွေ စစ်မှုထမ်းကာလပြီးဆုံးပြီးမကြာမီမှာပဲ တခြားစံချိန်တစ်ခုကို တင်လိုက်နိုင်ပါတယ်။  TVXQ အဖွဲ့ဟာ သြဂုတ် ၂၁ ရက်တုန်းက ဆိုးလ်မှာ “TVXQ! ASIA PRESS TOUR” နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။ မီဒီယာ ၆ဝ ကျော်နဲ့ သတင်းထောက်၁၀၀ ကျော်တက်ရောက်ခဲ့တဲ့ အတွက် TVXQ ရဲ့ မကုန်ဆုံးသေးတဲ့ နာမည်ကျော်ကြားမှုကို မြင်တွေ့ခဲ့ကြရပါတယ်။


သတင်းစာရှင်းလင်းပွဲ အတွင်းမှာ TVXQ ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ Sapporo Dome၊ Kyocera Dome၊ Tokyo Dome၊ Fukuoka Dome နဲ့ Nagoya Dome တို့လိုမျိုး အဓိက Domes တွေမှာ နယ်လှည့်ဖျော်ဖြေပွဲ ၅ ခုကို ပြုလုပ်သွားဖို့ ရှိနေတာပါ။ ဒါဟာ သူတို့အတွက် တတိယမြောက် Dome Tour ဖြစ်ပြီးတော့ မကြာသေးခင်က ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ်တုန်းမှာလည်း ပြုလုပ်ခဲ့ပါသေးတယ်။ ဒါဟော Dome Tour ၅ ခုကို ၃ ကြိမ်မြောက်ပြီးပြည့်စုံံအောင် ပြုလုပ်နိုင်တဲ့ ပထမဆုံးနိုင်ငံခြား အနုပညာ ရှင်အဖွဲ့ ဖြစ်လာ စေတာပါပဲ။

TVXQ


ဒါ့အပြင် လာမယ့်အောက်တိုဘာ ၁၈ မှာလည်း “FINE COLLECTION ~Begin Again~” အမည်ရှိတဲ့ ဂျပန်အယ်လ်ဘမ်ကို ဖြန့်ချိဖို့ လုပ်ဆောင်နေတယ်လို့ အဲဒီပွဲအတွင်းမှာပဲ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်နဲ့ ၁၀ လခန့်က သူတို့ရဲ့ စတူဒီယိုအယ်လ်ဘမ် "WITH" နဲဲ့ ပထမဆုံး ဖြန့််ချိခဲ့ပါတယ်။ အဲဒီအခွေထဲမှာ သီချင်းအပုဒ်ရေ ၄ဝ ပါဝင်ပါတယ်။ အဲဒီထဲမှာ “Rising Sun” ၊ “Why Did I Fall in Love With You” နဲ့ “Bolero” သီချင်း ၃ ပုဒ်ကတော့ Remake ဗားရှင်းနဲ့ အယ်လ်ဘမ်ထဲမှာ မြင်တွေ့နိုင်မှာပါ။


TVXQ အဖွဲ့ဟာဟောင်ကောင်မှာ သြဂုတ်၂၂ ကျရင်တော့ သူတို့ရဲ့ နယ်လှည့်ပွဲအတွက် နောက်ဆုံးသတင်းစာရှင်းလင်းပွဲကို ပြုလုပ်မှာဖြစ်ပါတယ်။


Ref:soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top