Banner Top

Member Area

အဖွဲ့ရဲ့ဂီတဗီဒီယိုရိုက်ကူးမှုမှာ ပါဝင်ကူညီခဲ့တဲ့ BTS အဖွဲ့ဝင် Jungkook

  •  mpc
  • Category: News

အောက်တိုဘာလ ၂၁ ရက်နေ့မှာ BTS အဖွဲ့ဝင် Jungkook ဟာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကနေ အယ်လ်ဘမ်နဲ့ ဂီတဗီဒီယိုဖြန့်ချိမယ့်အကြောင်း ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။

သူကအယ်လ်ဘမ်နဲ့ ပတ်သက်လို့ အများကြီးပြောကြားသွားခြင်းမရှိပေမယ့်လည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းကိုတော့ ပရိသတ်တွေနဲ့ ဝေမျှခဲ့ပါတယ်။

Jungkook က သူဟာ ဂီတဗီဒီယိုအသစ်ရဲ့ တစ်စိတ်တစ်ပိုင်းကို ကိုယ်တိုင်ရိုက်ကူးထားကြောင်း ဝေမျှခဲ့ပါတယ်။ Jungkookဟာဆိုရင် တည်းဖြတ်ခြင်းနဲ့ပုံမှန်ဗီဒီယိုရယူခြင်းကို ကြိုက်နှစ်သက်တဲ့သူ ဖြစ်တဲ့အတွက် ဒီတစ်ကြိမ်မှာတော့ အဖွဲ့ရဲ့ လာမယ့်ထုတ်လုပ်မှုမှာ ကူညီဖို့ စိန်ခေါ်မှုတစ်ခုပြုလုပ်လိုက်တာလည်း ဖြစ်ပါတယ်။

efwe grg gn 6ju5e4yh

"ပထမဆုံးအနေနဲ့ ဒါကတကယ့်ကိုခက်ခဲပါတယ်။ ဒီလိုမျိုးလုပ်တာ ဒါပထမဆုံးအကြိမ်ပါ။ သိချင်တဲ့အတွက် စစချင်း ဗီဒီယိုတွေရိုက်တယ် တည်းဖြတ်တဲ့ အရာတွေကနေ စခဲ့တယ်။ ဗီဒီယိုတွေရိုက်ပြီး တည်းဖြတ်ရတာက တကယ့်ကို ပျော်စရာကောင်းတယ်။ ဒါကြောင့် အားလပ်ချိန်မှာဒါတွေကို လုပ်ခဲ့တယ်။ ဒါပေမယ့်လည်း ဒါကပုံမှန်အလုပ်တစ်ခုလို ဖြစ်လာနေတော့ ဖိအားတော့တော်တော်လေးများလာတယ်။ အများကြီးတော့ လုပ်ခဲ့တာမဟုတ်ပါဘူး ဒါပေမယ့်လည်း အချိန်ဇယားတွေကြားထဲမှာ အစည်းအဝေးအတွက် ဒါရိုက်တာနဲ့ အခြားသော ထုတ်လုပ်ရေးဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့တယ်"

လို့ Jungkookကပြောကြားထားပါတယ်။

eferf43tn7u5uh 32

ဒါ့အပြင် Jungkook က သူ့နာမည်ကို ဂီတဗီဒီယိုလမ်းညွှန်ချက်မှာ ရေးသားထားမှာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူက ဂီတဗီဒီယီုရိုက်ကူးဖို့ကြိုးစားရတာ သူထင်တာထက်ပိုခက်ခဲတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Jungkookက ဂီတဗီဒီယိုမှာ သူရိုက်ကူးထားတဲ့ နေရာကိုတော့ ပြောကြားသွားခြင်းမရှိဘဲ ပရိသတ်တွေ ခန့်မှန်းနိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

သူက

"ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာကတကယ့်ကို ပျော်စရာကောင်းခဲ့တယ်။ ဒါကို ARMYsတွေကြိုက်လိမ့်မယ်လို့ မျှော်လင့်တယ်။ ဘယ်အခန်းကို ငါရိုက်ခဲ့တယ်ဆိုတာ ARMYsတွေ ခန့်မှန်းနိုင်မလား။ ဘယ်နေရာလည်းဆိုတာတော့ မင်းတို့ကို ငါပြောမှာမဟုတ်ဘူး။ စောင့်ကြည့်တဲ့အရာတွေမှာ ငါပါဝင်ခဲ့တယ်။ ARMYsတွေအနေနဲ့ ငါ့ရဲ့ ရိုက်ကူးမှုစတိုင်ကို သိလိမ့်မယ်လို့ ငါထင်တယ်။ ဘာလိုလဲဆိုတော့ ငါARMYsတွေကို ယုံကြည်လို့ပဲ"

လို့ပြောကြားခဲ့ပါတယ်။ ဒါကတော့ ARMYsတွေအနေနဲ့ အယ်လ်ဘမ်အသစ်ဖြန့်ချိမှုနဲ့အတူ နောက်ထပ် မျှော်လင့်ရမယ့် အရာတစ်ခုလည်းဖြစ်ပါတယ်။ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ "BE"ကတော့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ၂၀ရက်နေ့မှာ ထွက်ရှိမှာလည်း ဖြစ်ပါတယ်။

#mpc

ဆက်စပ်နေသော ရေးသားချက်များ

Banner Top