Logo
Print this page

ဟောင်ကောင်ဒီမိုကရေစီအရေးနဲ့ ဆက်စပ်ပြီး BTS ကုန်ပစ္စည်းတချို့ကို တရုတ်အကောက်ခွန် ပိတ်ပင်

ဟောင်ကောင်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ သတင်းစကား ဖြစ်နိုင်တယ်ဆိုပြီး နိုင်ငံအတွင်းကို ဝင်ရောက်ာလာတဲ့ BTS အဖွဲရဲ့ ကုန်ပစ္စည်းတွေကို တရုတ်အကောက်ခွန်ဌာနက ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။


Weibo မှာ တရုတ်အင်တာနက်အသုံးပြုသူတွေရဲ့အဆိုအရ BTS အဖွဲ့ရဲ့ ဇိမ်ခံရေ Brand ဖြစ်တဲ့ 'be WATER' ဟာ ဟောင်ကောင်လွတ်လပ်ရေး တက်ကြွသူတွေရဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်နေခဲ့တယ်လို့ သိရပါတယ်။

1602944534 20201017 bts

Weibo အသုံးပြုသူတစ်ဦးက

"BTS ဟာ သူတို့ရဲ့ အယ်လ်ဘမ်အသစ် 'BE' ကို Concept တစ်ခုအနေနဲ့ အသုံးပြုခဲ့ပြီး 'be WATER' လို့ သိကြတဲ့ရေသန့်ဘူးတွေကို ဖြန့်ချိခဲ့ပါတယ်။ ဒါပေမယ့် 'be water' ဆိုတဲ့စကားရပ်ဟာ ဟောင်ကောင်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့သူတွေ အသုံးပြုတဲ့ကြွေးကြော်သံဖြစ်ပါတယ်။ အဲ့ဒါကို မတွေးဘဲ မစဉ်းစားဘဲ နေဖို့ဆိုတာ ခက်ပါတယ်။ ဟောင်ကောင်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင် Joshua Wong ကတော့ BTS ကို ထောက်ခံကြောင်း မကြာသေးခင်တုန်းက တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။"

လို့ရေးသားထားပါတယ်။

တခြားအသုံးပြုသူတွေကတော့ အခုလိုမျိုးဆက်စပ်မှုရှိနေတာကို ဝေဖန်နေကြပြီး နောက်ထပ်အသုံးပြုသူတစ်ဦးကတော့ တရုတ်အကောက်ခွန်ဌာနဟာ BTS နဲ့ ဆက်စပ်တဲ့ ကုန်ပစ္စည်းနဲ့ ထုတ်ကုန်တွေမှန်သမျှကို အမြန်ဆုံး ရှင်းလင်းပစ်ရပါမယ်လို့ပြောဆိုတာတွေရှိနေပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!