Logo
Print this page

Billboard ရဲ့ Social 50 ဇယားထိပ်ဆုံးမှာ သီတင်းအပတ် ၂၀၀ မြောက်အဖြစ် BTS အဖွဲ့စံချိန်တင်ရပ်တည်နေ

BTS အဖွဲ့ဟာ Billboard ရဲ့ Social 50 ဇယားထိပ်ဆုံးမှာ သီတင်းပတ် ၂၀၀ မြောက်အဖြစ် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေတယ်လို့ သိရပါတယ်။

 


အဲ့ဒီ Social 50 ဇယားဟာ ဂီတဆိုင်ရာ ဆန်းစစ်လေ့လာမှုကုမ္ပဏီ Next Big Sound ကုမ္ပဏီရဲ့ အချက်အလက်တွေကို အခြေခံထားတဲ့ အနုပညာရှင် စာရင်းဖြစ်ပြီး Facebook, Twitter, Instagram, YouTube နဲ့ Wikipedia တို့အပေါ်မှာ နာမည်အကျော်ကြားဆုံးအနုပညာရှင်တွေကို ပြသထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီအနုပညာရှင်တွေရဲ့ စာမျက်နှာ လူကြည်ံ့နှုန်းနဲ့ ပျံ့နှံ့နှုန်းတွေနဲ့အတူ သူငယ်ချင်း၊ ပရိသတ်နဲ့ follower တွေ ထပ်တိုးမှုတွေကိုလည်း ပေါင်းစပ်ထားပြီး လူကြိုက်များမှုကို ထည့်သွင်းဆုံးဖြတ်တာ ဖြစ်ပါတယ်။

bts7

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ BTS အဖွဲ့ဟာ Social 50 ဇယားရဲ့ နံပါတ် ၁ နေရာမှာ သီတင်းပတ် ၁၆၄ ပတ်မြောက်အထိ ရှိခဲ့ပြီးတဲ့နောက် အဲ့ဒီနေရာမှာ ဆက်တိုက်မဟုတ်ဘဲ သီတင်းပတ်အများဆုံးရှိနေတဲ့အတွက် ဂျက်စတင်ဘီဘာရဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။


အောက်တိုဘာ ၁၇ ရက်နေ့မှာ အဆုံးသတ်ခဲ့တဲ့ သီတင်းပတ်အတွက် Social 50 ဇယားမှာတော့ BTS အဖွဲ့ဟာ နံပါတ် ၁ နေရာမှာ ဆက်တိုက်မဟုတ်ဘဲ သီတင်းပတ် ၂၀၀ မြောက်အနေနဲ့ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။


BTS အဖွဲ့ဟာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့ကစလို့ Social 50 ဇယားရဲ့ ထိပ်ဆုံးကို ပထမဆုံးရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါပြီးတဲ့နောက် နံပါတ် ၁ နေရာကနေ ခေတ္တခဏဆင်းလိုက်ရပေမယ့် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ကစလို့ နံပါတ် ၁ နေရာကို ပြန်လည်ရရှိခဲ့ပါတယ်။


BTS အဖွဲ့ဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြုလုပ်မယ့် ၂၀၂၀ Billboard Music Awards ဆုပေးပွဲမှာလည်း ဖျော်ဖြေမှာဖြစ်ပြီး သူတို့အဖွဲ့ဟာ Top Social Artist နဲ့ Top Duo/Group ဆိုတဲ့ ဆု နှစ်ခု လျာထားခံရပါတယ်။ BTS အဖွဲ့ဟာ ၂၀၁၇ ခုနှစ်ကစလို့ Top Social Artist ကို ၃ နှစ်ဆက်တိုက် ရယူလာခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကတော့ Top/Duo Group ဆုကို ရရှိခဲ့ပါတယ်။ အခုလက်ရှိမှာတော့ အဖွဲ့ဟာ “BE” အယ်လ်ဘမ်နဲ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ Comeback ပြုလုပ်မှာဖြစ်ပါတယ်။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!