Banner Top

Member Area

BTS အဖွဲ့ပါဝင်မယ့် “The Ellen DeGeneres Show” အစီအစဉ်ထုတ်လွှင့်မယ့်ရက်ကို ကြေညာ

BTS အဖွဲ့ပါဝင်မယ့် “The Ellen DeGeneres Show” အစီအစဉ်ကတော့ ထုတ်လွှင့်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ မေ ၁၈ ရက်မှာ BigHit အင်တာတိန်းမန့်က “BTS အဖွဲ့ဟာ “The Ellen DeGeneres Show” အစီအစဉ်ကို ရိုက်ကူးပြီးစီးခဲ့ပြီး ဒေသစံတော်ချိန် မေ ၂၅ ရက်မှာ ထုတ်လွှင့်မှာဖြစ်ပါတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

bts 18

ဒါဟာ အဖွဲ့ရဲ့ Ellen DeGeneres ရဲ့ နာမည်ကျော် talk show အစီအစဉ်မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တစ်ကြိမ် ပါဝင်ခဲ့ပြီးဖြစ်တဲ့အတွက် အခုတစ်ကြိမ်ဟာ ဒုတိယမြောက်ဖြစ်ပါတယ်။BTS အဖွဲ့ဟာ အခုလက်ရှိမှာ အမေရိကန်ပြည်ထောင်စုကို 2018 Billboard Music Awards ပွဲတက်ရောက်ဖို့ ရောက်ရှိနေပြီးတော့ အဲဒီမှာ ပထမဆုံးအကြိမ်အနေနဲ့ သူတို့ရဲ့ “Fake Love” သီချင်းကို ဖျော်ဖြေမှာလည်း ဖြစ်ပါတယ်။ သူတို့ဟာ မနှစ်က ရရှိခဲ့တဲ့ Top Social Artist ဆုကို ဒီနှစ်အတွက်လည်း လျာထားခံထားရပါ တယ်။ အဲဒီဆုပေးပွဲကို မေ ၂၀ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ 

ပွဲမတိုင်ခင် နှစ်ရက်လောက်အလိုမှာ BTS အဖွဲ့ဟာ သူတို့ရဲ့ တတိယမြောက်စတူဒီယို အယ်လ်ဘမ် ဖြစ်တဲ့ “Love Yourself: Tear” ကိုမေ ၁၈ ရက်  ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ဖြန့်ချိမှာဖြစ်ပါတယ်။soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top