Logo
Print this page

သရုပ်ဆောင်အနေနဲ့ အိပ်မက်တွေအကောင်အထည်ဖော်ဖို့ Idol အဖွဲ့ကမ်းလှမ်းချက် ငြင်းပယ်ခဲ့တဲ့ Song Kang

သရုပ်ဆောင် Song Kang က Idol အဖွဲ့အေဂျင်စီတွေထဲကနေ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ Star 1 နဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Song Kang က တကယ့် သရုပ်ဆောင်တယောက် ဖြစ်လာ တာနဲ့ ပတ်သက်လို့ လက်ရှိအတွေးအမြင်ကို ဆွေးနွေးခဲ့ပါတယ်။ သူက “ကျွန်တော့်ကို Idol တယောက်ဖြစ်လာဖို့ တိုက်တွန်းခံခဲ့ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်အိပ်မက်ဖြစ်တဲ့ သရုပ်ဆောင်တာကိုပဲ အာရုံစိုက်ခဲ့ပါတယ်” လို့ပြောဆိုပါတယ်။ သူ အသက် ၂၀ အရွယ်မှာ သူပထမဆုံး သရုပ်ဆောင်ခဲ့ရတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

လီယိုနာဒို ဒီကာပရီယိုနဲ့ Kill Me Heal Me ဇာတ်လမ်းတွဲထဲက ဂျီဆောင်း တို့ကို လေးစားအားကျရတယ်လို့ဆိုပါတယ်။ သရုပ်ဆောင် Song Kang က Idol အဖွဲ့အေဂျင်စီတွေထဲကနေ ကမ်းလှမ်းချက်တွေကို ငြင်းပယ်ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ Star 1 နဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ Song Kang က တကယ့် သရုပ်ဆောင်တယောက် ဖြစ်လာတာနဲ့ ပတ်သက်လို့ လက်ရှိအတွေးအမြင်ကို ဆွေးနွေးခဲ့ပါတယ်။ သူက “ကျွန်တော့်ကို Idol တယောက်ဖြစ်လာဖို့ တိုက်တွန်းခံခဲ့ရပါတယ်၊ ဒါပေမယ့် ကျွန်တော့်အိပ်မက်ဖြစ်တဲ့ သရုပ်ဆောင်တာကိုပဲ အာရုံစိုက်ခဲ့ပါတယ်” လို့ပြောဆိုပါတယ်။ သူ အသက် ၂၀ အရွယ်မှာ သူပထမဆုံး သရုပ်ဆောင်ခဲ့ရတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ လီယိုနာဒို ဒီကာပရီယိုနဲ့ Kill Me Heal Me ဇာတ်လမ်းတွဲထဲက ဂျီဆောင်း တို့ကို လေးစားအားကျရတယ်လို့ဆိုပါတယ်။ 

misc 1

'The Liar and His Lover  နဲ့ 'Man In The Kitchen' ဇာတ်လမ်းတွဲတို့မှာ ပါဝင်ခဲ့ပြီးတဲ့နောက် Song Kang ကို 'Inkigayo' ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် ခန့်အပ်ခြင်းခံရပါတယ်။ အဲဒါဟာ သရုပ်ဆောင်တာနဲ့ နည်းနည်း ကွာခြားမှုရှိတယ်လို့ဆိုပါတယ်။ သူက “ကျွန်တော်တို့ သရုပ်ဆောင်တဲ့အခါ ကင်မရာကိုကြည့်စရာမလိုပါဘူး၊ ဒါကြောင့် ကင်မရာကို ကြည့်ပြီး တိုက်ရိုက်စကားပြောရတဲ့အခါ ပထမတော့ နည်းနည်းရှက်ကိုးရှက်ကန်းဖြစ်ရပါတယ်၊ အခုတော့ တော်တော်လေးကို ရင်းနှီးလာပြီလို့ဆိုထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!