Banner Top

Member Area

ကိုယ့်ကိုကိုယ်မချောဘူးလို့ တချိန်တုန်းကပြောခဲ့ကြဖူးတဲ့ ကိုယ်တော်ချော ၆ ဦး

  •  WN
  • Category: Trend

တကယ်ချောမောတဲ့သူက သူ့ကိုယ်သူ ချောမောတယ်လို့ မထင်တတ်ကြဘူးလို့ ဆိုပါတယ်။

 

အခုဖော်ပြမယ့် အမျိုးသား ဆယ်လီ ၆ ဦးကိုကြည့်လိုက်မယ်ဆိုရင်တော့ အဲ့ဒါအမှန်ပဲဖြစ်နိုင်ပါတယ်။ သူတို့ဆီမှာ ပြစ်မျိုးမဲ့မထင် ရုပ်ရည်အသွင်အပြင်ရှိပေမယ့် ူသူတို့ကိုယ် သူတို့ချောမောတယ်လို့ မယုံကြည်ကြပါဘူးတဲ့။ ပရိသတ်တော်တော်များများကတော့ သူတို့ကို Visual Gods တွေလို့ ခေါ်ကြပေမယ့် သူတို့ရဲ့ ရုပ်ရည်အသွင်အပြင်နဲ့ပတ်သက်လို့် တကယ်ကိုပဲ မသိရှိကြဘူးလို့တခါတုန်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဂန်ဒုံဝန်

1574837912805 0


'Maundy Thursday' ဆိုတဲ့ ရုပ်ရှင်စာနယ်ဇင်း မိတ်ဆက်ပွဲမှာ မင်းသား ဂန်ဒုံဝန်က "ကျနော့်ကို ကျနော်ပြန်ကြည့်လိုက်တဲ့အခါမှာ ကျနော်ဟာ တကယ့်ကိုပဲ ရုပ်ဆိုးတယ်လို့ ခံစားရပါတယ်။ ကျနော့်ကိုယ် ကျနော် ဖုဖုထစ်ထစ်တွေ မြင်ရတယ်လို့ ထင်ပါတယ်" လို့ ပြောဆိုခဲ့ဖူးပါတယ်။

ကင်ဝူဘင်

1574837928576 1


SBS ရဲ့ 'Night of TV Entertainment' အစီအစဉ်မှာ မင်းသားကင်ဝူဘင်က "ကျနော်က ချောမောတယ်လို့ မထင်ပါဘူး။ ကျနော့်ကိုယ် ကျနော် မှန်ထဲမှာ ပြန်ကြည့်လိုက်တဲ့အခါမှာ ကျနော်ဟာ တကယ့်ကိုပဲ ရုပ်ဆိုးတယ်လို့ တခါတလေ ထင်မိပါတယ်။" လို့ပြောခဲ့ဖူးပါတယ်။

ဝူဒိုဟွမ်

1574837963399 Untitled 5

 

မင်းသားဝူဒိုဟွမ်ကတော့ "ကျနော်က ချောမောတယ်လို့ တခါမှ မထင်ခဲ့ဖူးပါဘူး။" လို့ဆိုပါတယ်။

ဂျောင်ယုံဟွာ

1574838025847 1574838025847


၂၀၁၀ ပြည့်နှစ်မှာ ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲတစ်ခုမာ သူက "ခင်ဗျားတု့ိ ကျနော့်ကို လူကိုယ်တိုင်တွေ့လိုက်ရတဲ့အခါမှာ ကျနော်ကမချောပါဘူး။ ကျနော်က ဖန်သားပြင်ပေါ်မှာပဲ ပိုကြည့်ကောင်းတယ်လို့ ခင်ဗျားတု့ိ ထင်မှာပါ။ ဒါကြောင့် ကျနော်က ဒီလုပ်ငန်းထဲမှာ ရှိနေချင်ရတာဖြစ်ပါတယ်။" လို့ ပရိသတ်ရှေ့မှောက်မှာ ပြောဆိုခဲ့ဖူးပါတယ်။

ချာအွန်းဝူ

1574838190377 0


'Visual God' လို့ဆိုတဲ့ နာမည်ပြောင်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ ချာအွန်းဝူက "လူတော်တော်များများက ကျနော့်ထက်ပိုချောကြပါတယ်။ ကျနော်က နည်းနည်းပါးပါးပဲ ကြည့်ကောင်းတာပါ။ အဲ့ဒီထက်ပိုထူးခြားတာ မရှိပါဘူး။"လို့ဆိုပါတယ်။


ယောင်ဘင်း (ယျောင်ဘင်း)

1574838284616 0


မင်းသား ယောင်ဘင်းကတော့ သန်းနဲ့ချီတဲ့ အမျိုးသမီးတွေ သဘောကျ နှစ်ခြိုက်ရတဲ့ ယောကျာ်းပီသတဲ့မျက်နှာကြောင့် နာမည်ကျော်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူက "ကျနော်ဟာ ချောမောတယ်လို့ ဘယ်တုန်းကမှ မထင်တဲ့ မင်းသားတစ်ယောက်ဖြစ်တာကြောင့်နေ့တိုင်း မှန်ထဲမှာ ကျနော့်ကိုယ် ကျနော် အကြိမ်ရာပေါင်းများစွာကြည့်လေ့ရှိပါတယ်။" လို့ဆိုပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top