Banner Top

Member Area

အောင်မြင်ကျော်ကြားမှု လမ်းကြောင်းပေါ် ကနေ လမ်းမှားရောက်ခဲ့ကြတဲ့ အနုပညာရှင်များ

  •  NR
  • Category: Trend

ယခုလက်ရှိမိမိမှာ ရှိနေတဲ့အရာတွေဟာ နောက်ပိုင်းမှာလည်း အဲ့ဒီလိုပဲရှိနေမယ်လို့ ထင်ပါသလား။

ကိုယ့်ရဲ့ အမှားတစ်ခုကြောင့် ကိုယ့်ရဲ့နှစ်ပေါင်းများစွာရဲ့ ကြိုးစားမှုက အလဟဿဖြစ်သွားမယ်ဆိုတဲ့ အကြောင်းကိုရော တွေးဖူးလား။


1. Rapper Iron

wdwdf h 5tgh


Show Me The Money 3 မှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် Iron ဟာဆိုရင် သူ့ရဲ့ အရည်အချင်းနဲ့ ဒုတိယ ရခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Rapper Iron ဆိုတဲ့ နာမည်နဲ့ ကျော်ကြားခဲ့ပါတယ်။
ဒါပေမဲ့လည်း အရှုပ်တော်ပုံအချို့ကြောင့် သူ့ရဲ့ အောင်မြင်မူ့တွေ ကျဆင်းခဲ့ပါတယ်။ Rapper Iron ရဲ့ အလ်ဘမ် ထဲမှာပါဝင်တဲ့ သီချင်းစာသားအချို့ဟာ မုဒိမ်းကျင့်ခြင်းကို သဘောကျတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့အတွက် ပြည်သူလူထုတွေရဲ့ ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်။ သီချင်းစာသာအချို့မှာ


( I heard you said “ Boy, Just rape me ‘’
I think I’m sober ,Not Crazy
This is my play gym for you play as much as you want my babe
Understand this first Ain’t no lover
Brand this in your head, I’m yo fuckin’ owner
I conquer ,you obey, we only harvest this instinc god seeded
Hol up , I won’t say it twice ,strip) __ROLL__ lyrics


မုဒိမ်းကျင့်ခြင်းကို သဘောကျတဲ့ပုံစံမျိုးနဲ့ ရေးဖွဲ့ထားသော 18 +သီချင်းစာသားတွေကြောင့် အင်တာနက်အသုံးပြုသူ အချို့ရဲ့ဝေဖန်မူ့ကိုခံခဲ့ရပါတယ်။
ထို့နောက် ၂၀၁၇ ခုနှစ် မှာတော့သူ့ရဲ့ချစ်သူကိုရုပ်ပိုင်းဆိုင်ရာစော်ကားမှု(ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း)ဆိုတဲ့ပြစ်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။ အပြစ်ရှိကြောင်းလည်း ဖော်ပြထားခဲ့ပါတယ်။ ဒီလိုမျိုး အရှုပ်တော်ပုံတွေဟာ သူ့ရဲ့ပုံရိပ်ကို တော်တော်ထိခိုက်စေခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူ့ကို ပရိသတ်တွေက အရင်လိုထောက်ခံအားပေးခြင်းမရှိတော့ပါဘူး။

2. BOYS24 ရဲ့အဖွဲ့ဝင်ဟောင်း Hwayoung

th grg rwgrw
Hwayoung ဟာ တချိန်တုန်းက BOYS24 အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဉီးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ အသံဖိုင်တစ်ခုကြောင့် အဖွဲ့ထဲကနေ မောင်းထုတ်ခြင်းခံခဲ့ရပါတယ်။အသံဖိုင်ထဲမှာ သူဟာပရိသတ်တွေကို သဘောမကျတဲ့ အကြောင်းတွေနဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။

“ ကျွန်တော်ကို OPPA လို့ခေါ်တာကြိုက်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီကနေ OPPA လို့ခေါ်သံကြားရရင် သောက်ရမ်းမုန်းတာပဲ ပြီးတော့ HI-Touch လုပ်ရတာလဲတော်တော် စိတ်ရှပ်စရာ ကောင်းတာပဲ ..Hi-Touch ကိုသိတယ်မလား ။ ပွဲအစီစဉ်တွေပြီးလို့ ပရိသတ်တွေကို နှုတ်ဆက်တဲ့အရာလေ တနေ့တနေ့ ပရိသတ်အယောက် ၇၀၀-၈၀၀ လောက်ကိုလက်ဆွဲနှုတ်ဆက်ရလိုက်တိုင်း အန်ထွက်တော့ပဲအတိုင်းပဲ “ __Hwayoung__

ဒီကိစ္စကြောင့် ပရိသတ်တွေသည် အရင်လို သူ့ကိုအားပေးထောက်ခံခြင်းမရှိတော့ဘဲ Hwayoung ရဲ့ နာမည်ကျဆင်းလာခဲ့ပါတယ်။

3.သရုပ်ဆောင် Lee Seo Won

yh5g rgg wr gf
သရုပ်ဆောင် Lee Seo Won ဟာ ၂၀၁၅ ခုနှစ် မှာ ပွဲဉီးထွက်ခဲ့ပါတယ်။ ပွဲဉီးထွက်ပြီးနောက်ပိုင်းမှာ နာမည်ကြီးလာခဲ့ပြီး ၂၀၁၆ ခုနှစ် Music Bank အတွက် အစီအစဉ်တင်ဆက်သူအဖြစ်တောင် ရွေးချယ်ခြင်းခံရပါတယ်။
ဒါပေမဲ့ ၂၀၁၈ ခုနှစ် မှာတော့ သူ့ရဲ့ သရုပ်ဆောင်ဘဝရှေ့ရေးဟာ ရပ်တန့်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ အမျိုးသမီးသရုပ်ဆောင်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အဲ့ဒီနောက် နောက်ထပ်အမျိုးသမီးတစ်ယောက်ကို ဓားဖြင့်ချိန်းခြောက်မှုကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီကိစ္စတွေနောက်ပိုင်းမှာ Lee Seo Won ကို Music Bank ရဲ့ အစီအစဉ်တင်ဆက်သူ အဖြစ်ကနေ ဖယ်ရှားခဲ့ပါတယ်။ Music Bank တင်မကပါဘူး တစ်ခြား ပွဲတွေကနေပါ သရုပ်ဆောင် Lee Seo Won ကို ငြင်းပယ်ခဲ့ပါတယ် ။


4. အဆိုတော် Choi Young Tae

tg ge4 e4w
Choi Young Tae ဟာဆိုရင် Superstar K ပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ သူ့ရဲ့ အဆိုစွမ်းရည်နဲ့ ကြည့်ရှုသူတွေကို အထင်ကြီး သဘောကျစေခဲ့ပါတယ် ။
King of Journalist လို့အမည်ရတဲ့ YouTube သတင်းထောက်တစ်ယောက် ဟာ Choi Young Tae ဟာ ရိုက်စားလုပ်တဲ့ အနုပညာရှင် ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ Choi Young Tae ဟာ သုံးပြီးသားပစ္စည်းတွေကို Website မှာ တင်ပြီးရောင်းတယ်၊အရင်ဆုံးပစ္စည်းအတွက် စရံကိုယူပြီးနောက်ပိုင်းမှာ ဝယ်ယူလိုက်တဲ့ပစ္စည်းကို ဘယ်တော့မှ ဝယ်ယူသူကို ပြန်မပေးပါဘူးလို့ဆိုပါတယ်။
Choi Young Tae ဟာ သူ့အပြစ်တွေကို ဝန်ခံခဲ့ပြီး နောက်ထပ်ဒီလိုထပ်မလုပ်တော့ပါဘူးလို့ လည်း ပြောခဲ့ပါတယ် ,
ဒါပေမဲ့လည်း သတင်းထောက် Kim ရဲ့ဖော်ပြချက်အရ သူဟာ သူ့ရဲ့ ကိုယ်ပိုင်အကြွေးတွေကြောင့် လူတွေကိုဆက်တိုက်လိမ်လည်နတုန်းပဲလို့ သိရပါတယ်။
ဒီသတင်းတွေကြောင့် Choi Young Tae ကို အားပေခဲ့တဲ့ပရိတ်သက်တွေဟာ အံသြခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက သူဟာ အောင်မြင်မှုလမ်းကြောင်းကို လျှောက်လမ်းနေတဲ့ ကြယ်ပွင့်ဖြစ်ခဲ့ပါတယ်။

5. Kang Ji Hwan

8dc92451d9b9434c8372986c4b3c271c
၂၀၁၉ ခုနှစ်တုန်းက မင်းသား Kang Ji Hwan ဟာ အမျိုးသမီးနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်၊၊ Kang Ji Hwan ဟာ သူ့ရဲ့ အမျိုးသမီး ဝန်ထမ်း နှစ်ယောက်နဲ့ အတူတူ သူ့ရဲ့နေအိမ်မှာ အရက်သောက်သုံးခဲ့ပါတယ်၊၊ အဲ့ဒီနောက်ပိုင်းမှာ အရက်မူးပြီး အိပ်ပျော်သွားတဲ့ အမျိုးသမီး ကို မုဒိန်းကျင့်ခဲ့ပြီး ကျန်တဲ့ အမျိုးသမီးတစ်ယောက်ကိုတော့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခဲ့ပါတယ်။ မင်းသား Kang Ji Hwan ဟာအစပိုင်းမှာတော့ စွဲဆိုချက်တွေကို ငြင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့နောက်ပိုင်းမှာ ပြစ်မှုတွေကို ဝန်ခံခဲ့ပါတယ်။


“ကျွန်တော် Kang Ji Hwan ပါ။ ကျွန်တော့်ရဲ့ နောက်ပြန်လို့မရတဲ့ အမှားတွေကြောင့် နစ်နာခဲ့ရသော သူတွေကို ကျွန်တော် အနူးအညွှတ် တောင်းပန်ပါတယ်၊၊ ကျွန်တော့်ရဲ့ လုပ်ရပ်တွေကြောင့် နစ်နာခဲ့ရသူတွေအကုန်လုံးကိုလည်း ကျွန်တော်တောင်းပန်ချင်ပါတယ် ၊၊ ကျွန်တော့်ရဲ့ အပြစ်တွေကို ဝန်ခံပြီး၊ ခွင့်လွှတ်မူ့ကို ခံယူသွားပါမယ်"

လို့ ပြောခဲ့ပါတယ်။

6. Park Yoo Chun

restmb idxmake amp
အဆိုတော်၊ သရုပ်ဆောင် မင်းသား Park Yoo Chun ဟာဆိုရင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ စွပ်စွဲခံရသူပဲဖြစ်ပါတယ်။ Park Yoo Chun ကို စွပ်စွဲခဲ့သူဟာ တစ်ယောက်ထဲမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အပြစ်ရှိကြောင်းကို ဖော်ပြနိုင်မဲ့ တိကျတဲ့သက်သေအထောက်အထားဆိုတာ မရှိခဲ့ပါဘူး။ အဲ့ဒီကိစ္စရဲ့ အကျိုးဆက်ကတော့ Park Yoo Chun နဲ့ Hwang Ha Na တို့ရဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
၂၀၁၉ ခုနှစ် အစောပိုင်းလောက်မှာ မင်းသား Park Yoon Chun ဟာ မူးယစ်ဆေးဝါးဝယ်ယူ သုံးစွဲမှုနဲ့ ထောင်ဒဏ် ၂ နှစ် နှင့် ဒဏ်ကြေးငွေ ဒေါ်လာ ၁၂၀၀ ပေးဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။


တရားသူကြီးရဲ့အမိန့်အရ မင်းသား Park Yoo Chun ရဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်းဟာ ပထမဆုံးဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွင် ပူးပေါင်းဆောင်ရွက်သောကြောင့် သက်ညှာမှုပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ စီရင်ချက်ချပြီးတဲ့ နောက်ပိုင်းမှာ မင်းသား Park Yoo Chun က “ ကျွန်တော် ကျွန်တော့် ပရိသတ်တွရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့ ကြိုးစားသွားမှာပါ” လို့ ပြောခဲ့ပါတယ်။

#NR

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top