Banner Top

Member Area

K-Pop အနုပညာလုပ်ငန်းမှာ ဖြစ်လေ့ဖြစ်ထမရှိသော ကိစ္စ ၄ ခု

  •  NR
  • Category: Trend

K-Pop အနုပညာလုပ်ငန်းမှာ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတွေ အများကြီးရှိပါတယ်။

ပြောရမယ်ဆိုရင် အဖွဲ့တစ်ဖွဲ့မှာ အဖွဲ့ခေါင်းဆောင် တစ်ယောက်စီရှိ အမြဲရှိနေကြခြင်း စသဖြင့်ပေါ့။ ဒါပေမဲ့လည်း တခါတလေမှာ မတွေ့ဖူးတဲ့ ဖြစ်ရပ်တွေလည်း ရှိကြပါတယ် ပြောရမယ်ဆိုရင်

 

1.Co-ed အဖွဲ့ (ကျား/မ အရောအဖွဲ့များ)

efef efeqfqe

K-Pop အဖွဲ့တွေ အများစုဟာ ယောကျ်ားလေးအဖွဲ့ဝင်တွေ ဒါမှမဟုတ်မိန်းကလေးအဖွဲ့ဝင်တွေနဲ့ပဲ ဖွဲ့လေ့ရှိကြပါတယ် Co-ed ( ကျား/မ အရောအဖွဲ့) အဖွဲ့ဆိုတာ ရှားပါတယ်။ ဒီလိုရှားပါးတဲ့ဖြစ်ရပ်က ဘာလို့လဲဆိုရင် Co-ed အဖွဲ့များစုဟာ အမျိုးသားအဖွဲ့၊ အမျိုးသမီးအဖွဲ့တွေနဲ့ယှဉ်မယ်ဆိုရင် အောင်မြင်လေ့မရှိကြပါဘူး။ ဒါပေမဲ့ Co-ed အဖွဲ့ တွေထဲမှာလည်း အောင်မြင်တဲ့ အဖွဲ့ဆိုတာ ရှိပါတယ် KARD အဖွဲ့ရဲ့ သီချင်းတွေကို နားထောင်ဖူးတဲ့သူတွေသိကြမှာပါ သူတို့အဖွဲ့ဟာအရမ်းတော်ပြီး အရမ်းအရည်အချင်းရှိတယ်ဆိုတာ။ အဲ့ဒါကြောင့်လည်း အောင်မြင်တာဖြစ်ပါတယ်။

 

2. အဖွဲ့ခေါင်းဆောင် တစ်ယောက်ထက်ပိုသော K-Pop အဖွဲ့

fef ef ewf
K-pop အဖွဲ့အများစုမှာ သတ်မှတ်ထားသော အဖွဲ့ခေါင်းဆောင် တစ်ယောက်စီရှိကြပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ ခေါင်းဆောင်နှစ်ယောက်ရှိတယ်ဆိုတာ သိပ်မရှိပါဘူး။ဒါပေမဲ့ တစ်ချို့အဖွဲ့တွေမှာတော့ ခေါင်းဆောင် တစ်ယောက်ထပ်ပိုပြီးတော့ရှိကြပါတယ်။

fefe fef

ဥပမာ ONF အဖွဲ့ဟာဆိုရင် ON အဖွဲ့ ရယ် OFF အဖွဲ့ရယ်ဆိုပြီးရှိပီး ON အဖွဲ့ရဲ့ ခေါင်းဆောင်က Hyojin ဖြစ်ပြီး OFF အဖွဲ့ရဲ့ ခေါင်းဆောင် ကတော့ J-Us ပဲဖြစ်ပါတယ် ။

3. အဖွဲ့တစ်ဖွဲ့ထဲမှာပင် ညီအစ်ကိုမောင်နှမ ရှိနေခြင်း

fgerwg efrqef
မတူတဲ့အဖွဲ့တွေမှာ ညီအစ်ကိုမောင်နှမတွေ ရှိကြတာ တွေ့ရလေ့ရှိပါတယ် ဒါပေမဲ့ အဖွဲ့တစ်ဖွဲ့ထဲမှာတင်ပဲ ညီအစ်ကိုမောင်နှမတွေရှိတာတော့ ရှားပါးတဲ့ဖြစ်ရပ်ပါ။ဒါပေမဲ့ Crayon Pop ဆိုတဲ့အဖွဲ့မှာတော့ ရှိပါတယ်။ Crayon Pop အဖွဲ့ဝင် Way နဲ့ Choa ဟာဆိုရင်တော့ အမွှာတွေပဲ ဖြစ်ပါတယ်။

4. အချစ်ရေးနဲ့ ပတ်သတ်ပြီး ပွင့်လင်းလာသော Idol များ

erfger grreg
K-Pop Idol တွေရဲ့ အချစ်ရေးသတင်းကတော့ K-Poper တွေအတွက် အမြဲဆိုသလို လက်မခံနိုင်တဲ့ သတင်းဖြစ်လေ့ရှိသလို ဆက်ဆက်ထိမခံနိုင်တဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း Idol တွေဟာသူတို့ရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး လျှို့ဝှက်ထားလေ့ရှိပါတယ်။ဒါပေမဲ့လည်း Idol တစ်ချို့ကတော့ ပွင့်ပွင့်လင်းလင်းပဲသူတို့ရဲ့ အချစ်ရေးကို ဖွင့်ဟ ဝန်ခံတတ်ကြပါတယ်။
HyunA နဲ့ Dawn တို့ဟာ သူတို့ရဲ့ အချစ်ရေးကိစ္စနဲ့ပတ်သတ်လို့ ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းပဲပြောခဲ့ပါတယ် ဒါတင်မကပဲ ပွဲအစီအစဉ်တွေ ရသစုံအစီအစဉ်တွေကို အတူတူသွားလေ့ရှိပြီး သူတို့နှစ်ယောက်ဘယ်လောက်ချစ်လဲဆိုတာကို ပြသလေ့ရှိပါတယ် ။
#NR

ဆက်စပ်နေသော ရေးသားချက်များ

Banner Top