Logo
Print this page

T-ara အဖွဲ့ဝင် Hyomin အေဂျင်စီအသစ်နဲ့ စာချုပ်ချုပ်ဆို

T-ara အဖွဲ့ဝင် Hyomin ဟာ အေဂျင်စီအသစ်နဲ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ အဆိုတော် သရုပ်ဆောင် Hyomin ဟာ Sublime Artist Agency နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး တောင်ကိုရီးယားနဲ့ တရုတ်တို့မှာ ပရိုမိုးရှင်းဆက်လက်လုပ်ကိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ သူဟာ လက်ရှိမှာ ဒီနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း တကိုယ်တော်အယ်လ်ဘမ် ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ 

Hyomin ရဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ တကိုယ်တော်ဖြန့်ချိမှုတွေဟာ Billboard China V Chart  မှာ အဆင့်ကောင်းကောင်းရခဲ့ပြီးတော့ မကာအိုမှာကျင်းပတဲ့ အာရှရုပ်ရှင်ဆုပေးပွဲကိုလည်း အစီအစဉ် တင်ဆက်သူ တစ်ဦးအဖြစ် တက်ရောက်ခဲ့ပါသေးတယ်။

hyomin

 မေ ၁၆ ရက်မှာ Sublime Artist Agency မှာ သတင်းရင်းမြစ်တစ်ခုက “ကျွန်တော်တို့ဟာ Hyomin နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို စတင်ခဲ့ပါပြီ၊ သူဟာ ဂီတ အပေါ် စွဲလမ်းမှုပြိုင်ဘက်ကင်းတဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်၊ ပြီးတော့ သူ့ကို ၁၀၀ ရာခိုင်နှုန်းထောက်ပံ့ပေးဖို့ ရည်ရွယ်ထားပါတယ်၊ အဲဒါတွေထက် Hyomin ဟာ သူ့ကို အကြာကြီးစောင့်နေပေးခဲ့ကြတဲ့ပရိသတ်တွေကို ပြန်လည်ပေးဆပ်လိုပါတယ်။

 

မကြာခင်သူတို့ဟာ သတင်းအချို့နဲ့ ပရိသတ်တွေကို အံ့သြသင့်စေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဆက်လက်စောင့်မျှော်ပေးကြပြီး Hyomin ကိုဆက်လက်အားပေးကြပါဦး” လို့ ပြောဆို ခဲ့ပါတယ်။ မေ ၁၆ ရက်မှာ Sublime Artist Agency မှာ သတင်းရင်းမြစ်တစ်ခုက “ကျွန်တော်တို့ဟာ Hyomin နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို စတင်ခဲ့ပါပြီ၊ သူဟာ ဂီတအပေါ် စွဲလမ်းမှုပြိုင်ဘက်ကင်းတဲ့ အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်၊ ပြီးတော့ သူ့ကို ၁၀၀ ရာခိုင်နှုန်းထောက်ပံ့ပေးဖို့ ရည်ရွယ် ထားပါတယ်၊ အဲဒါတွေထက် Hyomin ဟာ သူ့ကို အကြာကြီးစောင့်နေပေးခဲ့ကြတဲ့ပရိသတ်တွေကို ပြန်လည်ပေးဆပ်လိုပါတယ်။ 

 မကြာခင်သူတို့ဟာ သတင်းအချို့နဲ့ ပရိသတ်တွေကို အံ့သြသင့်စေမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဆက်လက်စောင့်မျှော်ပေးကြပြီး Hyomin ကိုဆက်လက်အားပေးကြပါဦး” လို့ ပြောဆိုခဲ့ပါတယ်။ Hyomin နဲ့ T-ara  ရဲ့ အခြားလက်ရှိအဖွဲ့ဝင် ၃ ဦးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ MBK အင်တာတိန်းမန့်ကနေ နုတ်ထွက်ခဲ့ကြပြီး အမျိုးသမီး အဖွဲ့တစ်ခုအနေနဲ့ ဆက်လက်ပရိုမိုးရှင်းလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

 

soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!