Banner Top

Member Area

အေဂျင်စီအသစ်နဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ T-ara အဖွဲ့ဝင် Jiyeon

T-ara အဖွဲ့ဝင် နောက်တစ်ယောက်ကတော့ အေဂျင်စီအသစ်တစ်ခုနဲ့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Hyomin ဟာ Sublime Artist Agency နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အခုတော့ Jiyeon ဟာ Longzhen Culture နဲ့ လက်မှတ်ရေးထိုးလိုက်ပြီပဲ ဖြစ်ပါတယ်။ 

T-ara အဖွဲ့ဝင် နောက်တစ်ယောက်ကတော့ အေဂျင်စီအသစ်တစ်ခုနဲ့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Hyomin ဟာ Sublime Artist Agency နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အခုတော့ Jiyeon ဟာ Longzhen Culture နဲ့ လက်မှတ်ရေး ထိုးလိုက်ပြီပဲ ဖြစ်ပါတယ်။ မေ ၁၇ ရက်မှာ သတင်းရင်းမြစ်တစ်ခုက “ပြီးခဲ့တဲ့ ဧပြီ လမှာ Jiyeon ဟာ တရုတ်အေဂျင်စီ Longzhen Culture နဲ့ စာချုပ်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ သူဟာ ဒီနှစ် ဒုတိယနှစ်ဝက်ကာလမှာ ပထမဆုံး ပရိသတ်တွေ့ဆုံပွဲ ပြုလုပ်ဖို့ရှိနေပါတယ်။ 

T ara Jiyeon


Jiyeon ဟာ စာချုပ်လက်မှတ်ထိုးဖို့ Longzhen Culture ကို ကိုယ်တိုင်သွားရောက်ခဲ့တာဖြစ်ပါတယ်။ အနာဂတ်လမ်းကြောင်းနဲ့ပတ်သက်လို့ ဆွေးနွေးဖို့လည်း Tianhong ရဲ့ ဌာနချုပ်ကိုလည်း သွားရောက်ခဲ့ပါတယ်။ Longzhen Culture ဟာ သူ့ကို အမျိုးမျိုးသော လုပ်ငန်းတွေမှာ ထောက်ပံ့ဖို့ စီစဉ်နေပြီး ဂီတ၊ ဒရမ်မာ၊ ရုပ်ရှင်၊ ဖျော်ဖြေမှု၊ ရသစုံအစီအစဉ်၊ ကြော်ငြာနဲ့ အခြားကိစ္စရပ်တွေမှာတည်း တာဝန်ယူတော့မှာဖြစ်ပါတယ်။ 

သူ့ရဲ့ အေဂျင်စီအသစ်ကတော့ “Longzhen Culture နဲ့ Jiyeon တို့ဟာ လမ်းပေါင်းများစွာမှာ အလုပ်အတူတွဲလုပ်နေကြပြီး အဲဒီအပေါ်မှာအခြေခံပြီး ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့ကြပါပြီ၊ အနာဂတ်မှာလည်း သူ့ကို ကျွန်တော်တို့ ဆက်လက်ထောက်ပံ့ပေးသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။ Jiyeon ရဲ့ ပထမဆုံး ပရိသတ်တွေ့ဆုံပွဲကိုတော့ အခုနှစ်ဝက်နောက်ပိုင်း၊ ဟောင်ကောင်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top