ရုပ်ရှင်အသစ်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်လာမယ့် T-ara အဖွဲ့ဝင် Ham Eun Jung
- mpc
- Category: Movie
T-ara အဖွဲ့ဝင် Ham Eun Jung ဟာ သုံးနှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပိတ်ကားပေါ်ကို ပြန်လည်ရောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။
Cabin 74 အေဂျင်စီရဲ့အဆိုအရ “I Will Song” လို့အမည်ရတဲ့ ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပြီး ဒါရိုက်တာ Lee Sang Hoon ရိုက်ကူးမယ့် ဒီဇာတ်ကားဟာဆိုရင် အဆိုတော်အရမ်းဖြစ်ချင်တဲ့ Mool Kyul ဆိုတဲ့ ကောင်မလေးနဲ့ ဒါရိုက်တာအရမ်းဖြစ်ချင်တဲ့ Ba Ramဆိုတဲ့ ကောင်လေးတို့ ကံကြမ္မာအရ တွေ့ဆုံပြီးတစ်ဉီးချင်းစီရဲ့ ဒဏ်ရာတွေကို ဖြေဖျောက်ပေးပုံတွေကို ပုံဖော်ရိုက်ကူးမယ့် ဇာတ်ကားဖြစ်ပါတယ်။
ခေါင်းဆောင်မင်းသားနေရာမှာတော့ မင်းသား Goo Won ကသရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဘဝတစ်ခုလုံးမှာ ဂီတပဲလွှမ်းမိုးထားခဲ့တဲ့ Mool Kyul ဟာ အဆိုတော်အဖြစ်ပွဲဉီးမထွက်ခင်မှာ ဘဝရဲ့အဓိပ္ပာယ်တွေကို ရုတ်တရက်ဆုံးရှုံးလိုက်ရတဲ့ ဇာတ်ကောင်အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။
Ham Eun Jung က "တစ်ခါမှမလုပ်ဘူးတဲ့ ဇာတ်ကောင်ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေသလို ကြောက်လည်းကြောက်နေပါတယ်။ နာကျင်မှုတွေကို အောင်အောင်မြင်မြင်ကျော်လွှားပြီး မျှော်လင့်ချက်တွေ တဖန်ပြန်လည် ရှင်သန်လာတဲ့ Mool Kyul အဖြစ် အကောင်းဆုံးကြိုးစားပြီး သရုပ်ဆောင်ပါ့မယ်။ လူငယ်တွေအနေနဲ့ ကြောက်ရွံ့မှုတွေကို ဘယ်လိုမျိုးကျော်လွှားမလဲ၊ စိတ်ပျက်နေမယ့်အစား သတ္တိရှိရှိနဲ့ အိမ်မက်တွေကိုရှာဖွေပုံကို ဒီဇာတ်ကားကနေ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
“I Will Song”ဇာတ်ကားကိုတော့ အောက်တိုဘာလလယ်မှာရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။
#mpc
ဆက်စပ်နေသော ရေးသားချက်များ
-
ဘောလုံးသမားချိုယူမင်နဲ့ လက်ထပ်တော့မယ့် T-ara အဖွဲ့ဝင်ဟောင်း ဆိုယွန်း
T-ara အဖွဲ့ဝင်ဟောင်း ဆိုယွန်းဟာ သူလက်ထပ်တော့မယ့်အကြောင်း သတင်းကိုကိုယ်တိုင် မျှဝေလာပါတယ်။
-
Highlight အဖွဲ့ဝင် လီဂီဂွမ်နဲ့ T-ara အဖွဲ့ဝင် အွန်းဂျောင်းတို့ ဆောင်းဂျီဟိုနဲ့အတူ ဒရမ်မာအသစ်တွင် ပါဝင်မည်
Highlight အဖွဲ့ဝင် လီဂီဂွမ်နဲ့ T-ara အဖွဲ့ဝင် အွန်းဂျောင်းတို့ဟာ KBS2 ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် ဒရမ်မာ အငစ်မှာ ပါဝင်လာနိုင်ချေရှိနေပါတယ်။ မင်းသမီး ဆောင်းဂျီဟိုနဲ့ မင်းသား ပတ်ရှီဟူတို့ ခေါင်းဆောင်ပါဝင်မယ့် “Lovely Horribly” လို့အမည်ရတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။
-
အေဂျင်စီအသစ်နဲ့ လက်မှတ်ရေးထိုးလိုက်တဲ့ T-ara အဖွဲ့ဝင် Jiyeon
T-ara အဖွဲ့ဝင် နောက်တစ်ယောက်ကတော့ အေဂျင်စီအသစ်တစ်ခုနဲ့ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ Hyomin ဟာ Sublime Artist Agency နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အခုတော့ Jiyeon ဟာ Longzhen Culture နဲ့ လက်မှတ်ရေးထိုးလိုက်ပြီပဲ ဖြစ်ပါတယ်။
-
T-ara အဖွဲ့ဝင် Hyomin အေဂျင်စီအသစ်နဲ့ စာချုပ်ချုပ်ဆို
T-ara အဖွဲ့ဝင် Hyomin ဟာ အေဂျင်စီအသစ်နဲ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ အဆိုတော် သရုပ်ဆောင် Hyomin ဟာ Sublime Artist Agency နဲ့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပြီး တောင်ကိုရီးယားနဲ့ တရုတ်တို့မှာ ပရိုမိုးရှင်းဆက်လက်လုပ်ကိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ သူဟာ လက်ရှိမှာ ဒီနှစ်ရဲ့ ပထမနှစ်ဝက်အတွင်း တကိုယ်တော်အယ်လ်ဘမ် ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။