Logo
Print this page

သမ္မတဟောင်းပတ်ဂွမ်ဟေးရဲ့ နာမည်ပျက်စာရင်းထဲမှာ ထည့်ထားခံရတဲ့တစ်ခုတည်းသော Idol အဖွဲ့ 24K

24K အဖွဲ့ဟာ ဖြုတ်ချခံသမ္မတဟောင်းပတ်ဂွမ်ဟေးရဲ့ နာမည်ပျက်စာရင်းထဲမှာ ပါဝင်တဲ့ တစ်ခုတည်းသော Idol အဖွဲ့ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီနာမည်ပျက်စာရင်းကို ပတ်ဂွမ်ဟေးရဲ့ အစိုးရ အဖွဲ့က ပြုစုခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အစိုးရနဲ့ လူမှုအသိုင်းအဝန်းကို ခြိမ်းခြောက်အန္တရာယ်ပေးနိုင်မယ်လို့ ဆိုတဲ့ နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ၊ လူမှုရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြပါတယ်။

24K အဖွဲ့ဝင်တွေဟာ အဲဒီနာမည်ပျက်စာရင်းမှာပါဝင်တဲ့ တစ်ခုတည်းသော Idol အဖွဲ့ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ 24K ရဲ့ အေဂျင်စီက “၂၀၁၂ ခုနှစ် ပတ်ဝန်းကျင်မှာပွဲဦးထွက်ခဲ့ပြီး အဖွဲ့ဝင်တွေဟာ အဲဒီအချိန်တုန်းက သမ္မတလောင်းမွန်းဂျယ်အင်းအတွက် မဲဆွယ်ပွဲတွေမှာ ပါဝင်ခဲ့ဖူးလို့ စာရင်းထဲမှာ ပါဝင်ခဲ့တာလို့ ကျွန်တော်တို့ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

24K

အေဂျင်စီက “အဲဒီနာမည်ပျက်စာရင်းထဲမှာပါဝင်ခဲ့လို့ ထုတ်လွှင့်မှုတချို့မှာ သူတို့ဟာ ပါဝင်နိုင်ခဲ့ခြင်းမရှိဘူးဆိုတာအမှန်ပါပဲ” လို့ ပြောဆိုထားပါတယ်။ အဖွဲ့ဟာ အဖွဲ့ဝင်သစ် Kiyong နဲ့အတူ ဒီလထဲမှာ comeback ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!