Banner Top

Member Area

Mnet ရုပ်သံလိုင်းရဲ့ 'BTS Comeback Show' အစီ အစဉ်ကနေအနုပညာ ခြေလှမ်းသစ်ပြန်စမယ့် BTS အဖွဲ့

BTS အဖွဲ့ဟာMnetရုပ်သံလိုင်းရဲ့ 'BTS Comeback Show' အစီအစဉ်ကနေသူတို့ရဲ့ ပထမဆုံးကိုရီးယားအနုပညာခြေလှမ်းသစ် ဖျော်ဖြေမှုကို ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ မေ ၁၈ ရက်မှာအခွေဖြန့်ချိပြီးတဲ့နောက် မေ ၂၀ မှာ ပြုလုပ် မယ့် Billboard ဂီတဆုပေးပွဲမှာပထမဆုံးအကြိမ် ခြေလှမ်းသစ် ဖျော်ဖြေမှုကို ပြုလုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရီးယားမှာတော့ သူတို့ရဲ့ ပထမဆုံးဖျော်ဖြေမှုကMnetရဲ့ 'BTS Comeback Show'မှာ ပြုလုပ်မှာဖြစ်ပြီးမေ ၂၄ ရက် ကိုရီးယားစံတော်ချိ်န် ည ၈ နာရီခွဲမှာထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။

Comeback BTS

သူတို့ဟာ'Love Yourself: Tear' အယ်လ်ဘမ်အတွက်ခေါင်းစီးတေးကိုထုတ်ဖော်လိုက် တာသာမကအယ်လ်ဘမ်ထဲ မှာပါဝင်မယ့်အခြားသီချင်းတွေ အပြင် Comeback ဖျော်ဖြေမှုအတွက် ပြင်ဆင်ထားတဲ့ အထူးဗီဒီယိုလည်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီ အစီအစဉ်ကို Mnet Japan, YouTube, Facebookနဲ့ JOOXတို့ကနေလည်းတိုက်ရို်က်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top