Banner Top

Member Area

'Hwarang' ဒရမ်မာရိုက်ကူးရေးအတွင်း ဖိအားတွေကြောင့် ငိုခဲ့ရတယ်ဆိုတဲ့ BTS အဖွဲ့ဝင် V

BTS အဖွဲ့ဝင် V ဟာ သရုပ်ဆောင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တဲ့အချိန်မှာ ရရှိခဲ့တဲ့ ဖိအားတွေ အကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။ 'BTS: Burn the Stage' အပိုင်း ၇ မှာ V က သရုပ်ဆောင်ဖို့ စလုပ်တဲ့ ပထမဆုံး BTS အဖွဲ့ဝင် အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲမှုတွေ အကြောင်းကို ပြောဆိုခဲ့ပါတယ်။


ကိုယ့်ရဲ့ ဖိအားကို တပါးသူထံမပြတတ်တဲ့ V က 'Hwarang' ဒရမ်မာရိုက်ကူးရေးမှာ ရရှိခံစားခဲ့ရတာတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ V ဟာ သူ့ရဲ့ စိုးရိမ်မှုတွေကို မန်ဘာတစ်ဦးဖြစ်တဲ့ Jimin ထံကို ပြောပြခဲ့ပြီးတော့ သူဘာကိုမှအာရုံမစိုက်နိုင်တော့တဲ့အကြောင်း ပြောပြီး ငိုကြွေးခဲ့တယ်လို့ ဆိုပါတယ်။

v

Photo - Credit - allkpop



V ခံစားနေရတဲ့ အခြေအနေကို Jimin က တခြားမန်ဘာတွေအားလုးနဲ့ ဆွေးနွေးခဲ့ပါတယ်။ နွေးထွေးတဲ့ စကားတွေ ပြောမယ့်အစား BTS အဖွဲ့ဝင်တွေက “ငါတို့မင်းကို မကူညီနိုင်ဘူး” လို့ ပြောတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မန်ဘာတွေ ဆက်ပြောတာက “ငါတို့မင်းကိုမကူညီနိုင်ဘူး၊ ဒါပေမယ့် ငါတို့မင်းကို ခွန်အားပေးနိုင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

သူ့ဘေးမှာ BTS အဖွဲ့ဝင်တွေက ရှိနေတာကိုသိပြီး သူ့အတွက် အကောင်းဆုံးခွန်အားဖြစ်လာစေခဲ့တယ်လို့ ဆိုပါတယ်။  V က “ကျွန်တော့်ဘာသာ အခက်အခဲတွေကို ကျော်လွှားဖို့ ကြိုးစားရုန်းမကန်သင့်ဘူးလို့ထင်ခဲ့ပါတယ်၊ မန်ဘာတွေရှိနေတယ်ဆိုတာကိုလည်း သဘောပေါက်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top