Warning
  • JUser: :_load: Unable to load user with ID: 935

Banner Top

Member Area

“Radio Romance” ဇာတ်လမ်းတွဲ တရားဝင် ပိုစတာထွက်ပေါ်လာ

  •  Micky
  • Category: News

KBS2 TV ရုပ်သံလိုင်းကနေ တနင်္လာနဲ့ အင်္ဂါနေ့တို့မှာ ထုတ်လွှင့်တော့မယ့် “Radio Romance” ဇာတ်လမ်းတွဲ ပြသဖို့ တစ်ပတ်တောင်မလိုတော့တဲ့ အချိန်မှာပဲ ဇာတ်ကောင်လေးဦးလုံးပါဝင်တဲ့ အဖွဲ့လိုက် ပိုစတာပုံ ထွက်ပေါ်လာပါတယ်၊

အဲဒီပိုစတာထဲမှာဆိုရင်တော့ ဇာတ်ညွှန်းမရှိဘဲ ဒီဂျေမလုပ်တတ်တဲ့ ဂျီဆူဟို (ယွန်းဒိုဂျွန်း)၊ တက်သစ်စ ရေဒီယို ဇာတ်ညွှန်းရေးသူ ဆုန်းဂူရင်း(ကင်ဆိုယောင်း)၊ အရည်အချင်း ရှိသော်လည်း စိတ်ဆတ်သည့် ရေဒီယိုထုတ်လုပ်ရေးမှူး လီဂန်း (ယွန်းပတ်) နဲ့ ရည်မှန်းချက်ကြီးတဲ့ မင်းသမီး ဂျင်ထယ်ရီ (ယူရာ) တို့ ပါဝင်ပါတယ်၊

“Radio Romance” ဇာတ်လမ်းတွဲကတော့ ဇာတ်ညွှန်းပါမှ အလုပ်လုပ်တတ်သူ ထိပ်တန်းရေဒီယို ဒီဂျေ တစ်ဦးနဲ့ စာရေးတာကလွဲလို့ ကျန်တာအားလုံးထူးချွန်တဲ့ ရေဒီယိုဇာတ်ညွှန်းရေးသူတစ်ဦးတို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ပထမဆုံးအပိုင်းကိုတော့ ဇန်နဝါရီ ၂၉ ရက် ကိုရီးယားစံတော်ချိ်န် ည ၁၀ နာရီမှာ စတင်ပြသမှာပဲဖြစ်ပါတယ်

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top