Banner Top

Member Area

မြောက်ကိုရီးယား ဖျော်ဖြေပွဲမှာ Red Velvet အဖွဲ့ကို ကြည့်ရှုဖို့ အချိန်ဇယားကို ချိန်ညှိခဲ့ရတဲ့ ခေါင်းဆောင် ကင်ဂျုံအန်း

  •  WN
  • Category: News

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြုံးယမ်းမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ပါတယ်။

oyoncYF

ပရိသတ်တော်တော်များများ သိရှိပြီး ဖြစ်သလိုပဲ တောင်ကိုရီးယားအနုပညာရှင် တော်တော်များများဟာ မြောက်ကိုရီးယားနိုင်ငံကို လာရောက်ပြီး မတ် ၃၁ ရက်ကနေ ဧပြီ ၃ ရက်အထိ East Pyongyang Grand Theater နဲ့ Pyongyang Arena တို့မှာ ဖျော်ဖြေပွဲတွေ ပြုလုပ်သွားကြမှာဖြစ်ပါတယ်။ ဖျော်ဖြေမယ့်အနုပညာရှင်စာရင်းမှာ Seohyun, Baek Ji Young, ALi, Cho Yong Pil, Lee Sun Hee, Yoon Do Hyun, Jung In, Yoon Sang နဲ့ Red Velvet အဖွဲ့တို့ပါဝင်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ပြုံးယမ်းမြို့တော်မှာ ပြုလုပ်ခဲ့တဲ့ မြောက်ကိုရီးယား ဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ပါတယ်။ ပရိသတ်တော်တော်များများ သိရှိပြီး ဖြစ်သလိုပဲ တောင်ကိုရီးယားအနုပညာရှင် တော်တော်များများဟာ မြောက်ကိုရီးယားနိုင်ငံကို လာရောက်ပြီး မတ် ၃၁ ရက်ကနေ ဧပြီ ၃ ရက်အထိ East Pyongyang Grand Theater နဲ့ Pyongyang Arena တို့မှာ ဖျော်ဖြေပွဲတွေ ပြုလုပ်သွားကြမှာဖြစ်ပါတယ်။ ဖျော်ဖြေမယ့်အနုပညာရှင်စာရင်းမှာ Seohyun, Baek Ji Young, ALi, Cho Yong Pil, Lee Sun Hee, Yoon Do Hyun, Jung In, Yoon Sang နဲ့ Red Velvet အဖွဲ့တို့ပါဝင်ပါတယ်။ 

DUIbUGx

Yonhap News သတင်းရဲ့အဆိုအရ ကင်ဂျုံအန်းနဲ့ သူ့ဇနီးသည်ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ အနုပညာ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပြီး တောင်ကိုရီးယား ဖျော်ဖြေပွဲတစ်ခုကို တက်ရောက်ခဲ့တဲ့ ပထမဆုံး မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာခဲံပါတယ်။ မူလကတော့ အင်္ဂါနေ့အထိ နှစ်နိုင်ငံအကြားပူးပေါင်း ဖျော်ဖြေပွဲကို တက်ရောက်ဖို့ အစီအစဉ်မရှိထားပါဘူး။ ဒါပေမယ့် သူဟာ တောင်ကိုရီးယားအနုပညာရှင်တွေ ရဲ့ ဖျော်ဖြေပွဲကို တက်ရောက်တာဟာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားခဲ့ရပြီးတော့ သူ့ရဲ့အချိန်ဇယားကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင်က “လူတွေက တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Red Velvet ကို တွေ့ရဖို့တက်ရောက်မှာလား မတက်ရောက်ဘူးလားဆိုတာ စိတ်ဝင်စားနေကြပါတယ်။ သန်ဘက်ခါမှာတော့ မူလက ကျွန်တော်တက်ရောက်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကျွန်တော့်အချိန်ဇယားကို ဒီနေ့ ရွှေ့လိုက်ပါတယ်” လို့ Yonhap News မှာ ဖော်ပြထားပါတယ်။ 


ခေါင်းဆောင် ကင်ဂျုံအန်းပါဝင်တက်ရောက်မယ်ဆိုတဲ့ ရုတ်တရက်သတင်းကြောင့် ပွဲကို ညနေ ၅နာရီခွဲမှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် တစ်နာရီလောက်အချိန်ရွှေ့ဆိုင်းပြီး ညနေ ၆ နာရီခွဲမှာကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယိုကို ဒီမှာကြည့်ပါ

allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top