Banner Top

Member Area

SM STATION 2 အစီအစဉ်မှာ အနုပညာရှင်တစ်ဦးအနေနဲ့ပါဝင်လာမယ့် NCT အဖွဲ့ဝင် Ten

  •  Uchun
  • Category: News


NCT အဖွဲ့ဝင် Ten ဟာ SM STATION 2 ကနေ တစ်ကိုယ်တော်သီချင်းအသစ်တစ်ပုဒ်ကို ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

Ten 1

Red Velvet အဖွဲ့ရဲ့ “Would U” သီချင်းနဲ့ ၂၀၁၇ ခုနှစ် မတ်လမှာ စတင်ခဲ့တဲ့ SM STATION 2 ကတော့ ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်းမှာ အနုပညာရှင်အသီးသီးပါဝင်သီဆိုထားတဲ့ သီချင်းအမျိုးအစားမျိုးစုံကို အပတ်စဉ်ဖြန့်ချိပေးလျက်ရှိနေပါတယ်။ ဒီ Season ကတော့ “New Heroes” လို့ခေါ်တဲ့ ၅၂ ပုဒ်မြောက်သီချင်းသီဆိုသူ Ten နဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ 

Ten 2

ဧပြီ ၂ ရက်မှာ SM အင်တာတိန်းမန့်ဟာ NCT ရဲ့ တရားဝင် တွစ်တာကနေ Teaser ဓါတ်ပုံတွေကို ဖြန့်ချိခဲ့ပြီးတော့ ဓါတ်ပုံတစ်ပုံထဲမှာဆိုရင်တော့ “တကယ်လို့သာ အမှောင်ထုမရှိခဲ့ဘူူးဆိုရင် အရုဏ်ဦးက အတောက်ပဆုံးအလင်းကို ဖြန့်ကျက်ပေးမှာမဟုတ်ဘူး” ဆိုတဲ့ စကားရပ်ကိုလည်း အလေးပေးဖော်ပြထားတာ ကိုတွေ့ရပါတယ်။ 

“New Heroes” သီချင်းကတော့ Bass, EDM နဲ့ပေါ့ပ်ဟိုက်ဘရစ် သီချင်းပုံစံဖြစ်ပြီး Ten ရဲ့ ရင့်ကျက်တဲ့ အသံတွေကိုလည်း နားဆင်ကြရမှာပါ။ သီချင်းစာသားထဲမှာတော့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သူရဲကောင်း အသစ်တွေ ဖြစ်လာဖို့ ခိုင်မာတဲ့ဆန္ဒကို ပုံဖော်ထားပါတယ်။ Ten ဟာ မကြာမီ ဒူဘိုင်းမှာ ပြုလုပ်မယ့် SM Town ဖျော်ဖြေပွဲမှာ ပထမဆုံးအနေနဲ့ “New Heroes” သီချင်းကို တိုက်ရိုက် Live ဖျော်ဖြေမှာ ဖြစ်ပါတယ်။  “New Heroes”  သီချင်းကို ဧပြီ ၆ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ဖြန့်ချိမှာပဲ ဖြစ်ပါတယ်။soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top