Banner Top

Member Area

'Spiderman' ပုံရိပ်နဲ့အလိုက်ဖက်ဆုံး Idol အဖြစ် NCT အဖွဲ့ဝင် Mark ရွေးချယ်ခံရ

  •  Y Nay
  • Category: News

Mark ဟာ 'Spiderman' ပုံရိပ်နဲ့အလိုက်ဖက်ဆုံး Idol အနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။

Kpop မဲပေးတဲ့ App ဖြစ်တဲ့ IDOL CHAMP က 'Spiderman' ပုံရိပ်နဲ့ အလိုက်ဖက်ဆုံး Idol ဘယ်သူလဲဆိုတာကို ပရိသတ်တွေထံ မေးမြန်းတဲ့စစ်တမ်းတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

20220121 090509 273 0

အဲဒီ မဲစာရင်းစစ်တမ်းကို ဒီဇင်ဘာ ၂၂ ရက်ကနေ ဇန်နဝါရီ ၅ ရက်အထိ ၂ ပတ်ကြာ ဖွင့်လှစ်ခဲ့ရာမှာ မဲပေါင်း ၁ သိန်း ၈ သောင်းကျော်ရရှိခဲ့ပြီး NCT အဖွဲ့ဝင် Mark က အဲဒီလူထုစစ်တမ်းရဲ့ ထိပ်ဆုံးနေရာမှာရှိခဲ့ပါတယ်။

Mark ဟာ မဲအားလုံးရဲ့ ၄၀ ဒသမ ၄၆ ရာခိုင်နှုန်းနဲ့ ပထမဆုံးနေရာကိုရရှိိခဲ့ပါတယ်။ ဒုတိယနေရာမှာတော့ SEVENTEEN အဖွဲ့ဝင် Joshua က ၂၉ ဒသမ ၂၅ ရာခိုင်နှုန်း၊ BTS အဖွဲ့ဝင် Jimin က ၁၁ ဒသမ ၆၄ ရာခိုင်နှုန်း၊ MONSTAX အဖွဲ့ဝင် I.M က ၃ ဒသမ ၉၅ ရာခိုင်နှုန်း နဲ့ Dreamcatcher အဖွဲ့ဝင် Siyeon တို့က ၃ ဒသမ ၆၅ ရာခိုင်နှုန်းနဲ့ နံပါတ် ၅ နေရာအထိ အသီးသီးရပ်တည်နေပါတယ်။

20220121 090427 145 1

Mark ဟာ ၂၀၂၁ ခုနှစ်အတွက် 'SM Halloween House' ပွဲကို 'Spiderman' ဝတ်စုံ ဝတ်ဆင်ပြီး တက်ရောက်ခဲ့ပါတယ်။ ပရိသတ်တော်တော်များများက Mark ဟာ အဲဒီဝတ်စုံနဲ့ တော်တော်လေးကို လိုက်ဖက်ပြီး ပင့်ကူလူသားပုံရိပ်နဲ့လည်း တော်တော်လေး သင့်လျော်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top