Banner Top

Member Area

အထူး Live Show ပြုလုပ်မယ့် NCT အဖွဲ့

NCT အဖွဲ့က သူတို့ရဲ့ Live Show တစ်ခုကို အယ်လ်ဘမ်အသစ် ထွက်ချိန်နဲ့ တပြိုင်နက်တည်း ပြုလုပ်မှာဖြစ်ပါတယ်။

ဒီယောက်ျားလေးအဖွဲ့က ဒုတိယမြောက်အယ်လ်ဘမ် 'Resonance' ရဲ့ ခေါင်းစီးသီချင်း "90's Love" နဲ့အတူနိုဝင်ဘာ ၂၃ ရက်မှာ ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီနေ့ ကိုးရီးယားစံတော်ချိန် ညနေ (၄ း ၃၀)မှာ အဖွဲ့ဝင်တွေက 'VLive' ရုပ်သံလိုင်းမှာ 'Neo Culture Talk SHOW' ကိုတိုက်ရိုက်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ သီချင်းအသစ်နှစ်ပုဒ်ကို ပရိုမိုးရှင်းမြှင့်တင်ဖို့ ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ယောက်က တိုက်ရိုက် live show မှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။

NCT ရဲ့ R&B hip-hop သီချင်း "90's Love"မှာ TEN, Winwin, Mark, Jeno, Haechan, Yangyangနဲ့ Sungchan တို့ကပါဝင်မှာ ဖြစ်ပါတယ်။ သီချင်းရဲ့စာသားတွေမှာ အတိတ်ရဲ့ အမှတ်တရတွေကိုတန်ဖိုးထားလေးမြတ်မှု၊လှပတဲ့ အမှတ်တရအရည်အသွေးကိုတန်ဖိုးထားမှု စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။
သူတို့ရဲ့ နောက်ဆက်တွဲ “ Work It”မှာဆိုရင်တော့ Johnny၊ Yuta၊T EN၊ Jungwoo၊ Hendery၊ Jaeminနဲ့ Jisung တို့ပါဝင်မှာဖြစ်ပြီး အီလက်ထရောနစ်ကခုန်မှုပုံစံ စွမ်းအင်ပြည့် ဘေ့စ်လိုင်း၊စည်းချက်သံနဲ့ အနာဂတ်အတွက်မျှော်လင့်ချက်ရှိတဲ့ စာသားတွေ ထိပ်ဆုံးကနေ ပါဝင်မှာ ဖြစ်ပါတယ်။

သင်ရော သူတို့ရဲ့ Comeback အတွက် အဆင်သင့်ဖြစ်နေပြီလား။

#YuNandarHtun

ဆက်စပ်နေသော ရေးသားချက်များ

Banner Top