Banner Top

Member Area

NCT အဖွဲ့ဝင် ဒိုယောင်းခေါင်းဆောင်ပါဝင်မယ့် "The Curious Stalker" ဒရာမာအကြောင်း

 The Curious Stalker ဒရာမာဟာ NCTzen တွေစောင့်မျှော်နေရတဲ့ ဒရာမာကားလေးပါ။

ဘာဖြစ်လို့လဲဆိုတော့ NCT အဖွဲ့ဝင် Do Young ပါဝင်သရုပ်ဆောင်မဲ့ ဒရာမာလေးဖြစ်လို့ပါ။ Midnight Cafe ဆိုတဲ့ စီးရီးရဲ့ အတွဲ ၃ ဖြစ်တဲ့ ဒီကားလေးဟာဆိုရင် မြေပုံထဲမှာ မရှိတဲ့ ဘူဆန်နယ်က ကော်ဖီဆိုင်လေးအကြောင်းပဲ ဖြစ်ပါတယ်။

grwg grg yjt

NCT အဖွဲ့ဝင် Do Young ရဲ့ ပထမဦးဆုံး ခေါင်းဆောင်မင်းသားအဖြစ် ပွဲဦးထွက်တဲ့ ကားလေးပဲဖြစ်ပါတယ်။

ခေါင်းဆောင်မင်းသမီး Kim InYi ဟာလည်း တက်သစ်စ မင်းသမီးပဲဖြစ်ပါတယ်။ သူကတော့ The Female Friend Among Guys ဆိုတဲ့ Web Series လေးနဲ့ ပွဲဦးထွက်ခဲ့ပါတယ် ။

အနာဂတ်ကိုမြင်ရတဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေး တစ်ယောက်.... သူငယ်ချင်းဖြစ်သူ Sun Mi ကို ချစ်မိနေတဲ့ကောင်လေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားပါတယ် ။

ဇာတ်ကောင်များနဲ့ မိတ်ဆက်ပေးပါမယ်

ဆုန်းဂျီဝူ အဖြစ် ဒိုယောင်

th jyjthg rtg

ဒိုယောင် ကို အသက် ၁၈ နှစ် အရွယ် အထက်တန်းကျောင်းသား တစ်ယောက်။ ရုပ်ရည်မှာ ရော ကျောင်းသင်ခန်းစာတွေမှာပါ ပြီးပြည်စုံအောင် တော်လွန်းတဲ့ ကောင်လေး တစ်ယောက်အဖြစ်မြင်တွေ့ရမှာပါ ။

ဆွန်းမင် အဖြစ် ဂင်အင်ရီ

w31Dk 5f

အင်ရီ ကို ချောမောလှပပြီး တက်မြတ်တဲ့ ကောင်မလေး ၊ Idol Trainee တစ်ဦးရွေးချယ်ခံရပြီး မကြာခင်မှာ ဆိုးလ်မြို့ကိုထွက်သွားရတော့ပေမဲ့လည်း ..ဂျီဝူကို ချစ်မိနေတဲ့ ကောင်မလေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာပါ။


ဇာတ်ကားအမည် : The Curious Stalker / Simyakape-sanboksanbok seutokeo
ဒါရိုက်တာ: Jung YoonSoo
ပြသမည့်လိုင်း : MBC
ပြသမည့်အချိန်: 2021 အစောပိုင်း
Genre: စိတ်ကူးယဉ်ဆန် အချစ်ဇာတ်လမ်း , လူငယ်လေးများအကြောင်း

 

ဆက်စပ်နေသော ရေးသားချက်များ

Banner Top