Banner Top

Member Area

NCT အဖွဲ့ဝင်တွေ အသုံးပြုတဲ့ ရေမွှေးအမျိုးအစားများ

  •  Uchun
  • Category: News

NCT အဖွဲ့ဝင်တွေကတော့ Chanel ကနေ Jo Malone အထိ ရေမွှေးတွေကို အသုံးပြုကြပေမယ့် အဖွဲ့ဝင် Taeyong ကတော့သူ့အတွက် အကြိုက်တစ်မျိုးဖြစ်လို့နေပါတယ်။

ပရိသတ်တစ်ဦးလုပ်ဆောင်ခဲ့တဲ့ သုတေသန တစ်ခုမှာတော့ NCT အဖွဲ့ဝင်တွေအသုံးပြုတဲ့ ရေမွှေးစာရင်းကို ပြုစုနိုင်ခဲ့ပါတယ်။ NCT အဖွဲ့ဝင်တွေကတော့ Chanel ကနေ Jo Malone အထိ ရေမွှေးတွေကို အသုံးပြုကြပေမယ့် အဖွဲ့ဝင် Taeyong ကတော့သူ့အတွက် အကြိုက်တစ်မျိုးဖြစ်လို့နေပါတယ်။ ပရိသတ်တစ်ဦးလုပ်ဆောင်ခဲ့တဲ့ သုတေသန တစ်ခုမှာတော့ NCT အဖွဲ့ဝင်တွေအသုံးပြုတဲ့ ရေမွှေးစာရင်းကို ပြုစုနိုင်ခဲ့ပါတယ်။ 


အဖွဲ့ဝင် Jaehyun ကတော့ Jo Malone ရဲ့ 'Myrrh & Tonkka’ အမျိုးအစား ရေမွှေး၊ Yuta ကတော့ Chanel ရဲ့ 'No.5' ရေမွှေး၊ Renjun ကတော့ Jo Malone ရဲ့ 'Wood Sage & Sea Salt' ရေမွှေး၊ Ten နဲ့ Taeil ကတော့ Dolce & Gabbana ရေမွှေးနဲ့ ၂၀၁၆ ခုနှစ်မှာထုတ်ခဲ့တဲ့ Burberry ရေမွှေးတို့ ကို အသုံးပြုကြပါတ.်။ Lucas နဲ့ Run ကတော့ Chanel နဲ့ Jo Malone  တို့ကို အသုံးပြုကြပါတယ်။


Johnny ကတော့ Versace eu fraiche ၊ Haechan က Clean Cool Cotton နဲ့ Jeno က Ferrari's Light Essence တို့ကို အသုံးပြုပြီး အခြားသူတွေကတော့ ရေမွှေးမသုံးဘူးလို့ဆိုပါတယ်။

သူတို့တွေရဲ့ ခေါင်းဆောင် ဖြစ်တဲ့ Taeyong ကတော့ ပရိသတ်တွေတောင် သိပ်မသိတဲ့ Febreze အမျိုးအစားကို အသုံးပြုတယ်လို့ ဆိုပါတယ်။အဲဒါကြောင့်သူ့နာမည်ကို 'Taebreze' လို့ ချစ်စနိုးခေါ်ဝေါ်ကြတာလဲ ဖြစ်ပါတယ်။

515544

KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top