Banner Top

Member Area

မြောက်ကိုရီးယားတွင် ဖျော်ဖြေမည့် အနုပညာရှင်အဖွဲ့ တောင်ကိုရီးယားမှ ထွက်ခွာ

  •  Uchun
  • Category: News


မတ် ၃၁ ရက်မှာ ကိုရီးယားစံတော်ချိန် ၉ နာရီ ၄၀ မိနစ်မှာပဲ မြောက်ကိုရီးယားနိုင်ငံကို ပြုံးယမ်းမြို့ကို မထွက်ခွာခင် တောင်ကိုရီးယားနိုင်ငံကိုယ်စားပြု ဖျော်ဖြေရေးအဖွဲ့ဝင်တွေဟာ မီဒီယာတွေကို နွေးထွေးတဲ့ အပြုံးနဲ့ နှုတ်ဆက်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့အတူ ပူးတွဲပြုလုပ်မယ့် ဖျော်ဖြေပွဲအတွက် ရွေးချယ်ထားတဲ့ တင်ဆက်သူတွေထဲမှာ ဝါရင့်အဆိုတော်တွေ ဖြစ်တဲ့ ချိုယောင်းဖီ၊ လီဆွန်းဟီးတို့နဲ့အတး ယွန်းဒိုယောင်း၊ ဘတ်ဂျီယောင်း၊ ဂျောင်အင်း၊ Ali ၊ ဂန်ဆန်အေး၊ ချွဲဂျင်ဟီး၊ Girls' Generation အဖွဲ့ဝင် ဆောယောင်း၊ Red Velvet အဖွဲ့နဲ့ စန္ဒယားပညာရှင်ကင်ဂွမ်မင်းတို့ အပါအဝင် အနုပညာရှင် ၁၁ ဦးပါဝင်ပါတယ်။ ထုတ်လုပ်သူနဲ့ အဆိုတော် ယွန်းဆန်က ဖျော်ဖြေပွဲကို ဂီတဆိုင်ရာ ဒါရိုက်တာအဖြစ် ရိုက်ကူးညွှန်ကြားမှာဖြစ်ပါတယ်။  

ထွက်ခွာသတင်းစာရှင်းလင်းပွဲအတွင်းမှာ ဖျော်ဖြေသူတွေက “ကျွန်တော်တို့ဟာ မြောက်ကိုရီးယားမှာ 'Spring is coming' လို့ခေါ်တဲ့ ကျွန်တော်တို့ ဖျော်ဖြေပွဲခေါင်းစဉ်အတိုင်း နွေးထွေးတဲ့ နွေဦးကို ဝေမျှသွားမှာပါ။ Red Velvet အဖွဲ့ဝင် Joy ပါဝင်လာခြင်းမရှိတဲ့အပေါ် ယွန်းဆန်က “Red Velvet အဖွဲ့ဝင် အငယ်ဆုံးလေးကို ကျွန်တော်တို့ ခေါ်ယူခဲ့မယ်ဆိုရင် အခုရှုပ်ထွေးမှုတချို့နဲ့ ရင်ဆိုင်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ အဖွဲ့တစ်ခုလုံးအနေနဲ့ ဖျော်ဖြေနိုင်မှာမဟုတ််ပေမယ့် အဖွဲ့ဝင်အားလုံးဟာ တစ်စိတ်တည်း တစ်ဝမ်းတည်းရှိနေတယ်ဆိုတာ သတိရပေးကြပါ” လို့ ပြောကြားခဲ့ပါတယ်။ 

အဲဒီဖျော်ဖြေရေးအဖွဲ့အပြင် စုစုပေါင်း ဝန်ထမ်း ၁၂၀ ဦးနဲ့ တောင်ကိုရီးယားအမျိုးသားတိုက်ကွမ်ဒိုဖျော်ဖြေရေး အဖွဲ့တို့ဟာလည်း ဧပြီ ၁ရက်နေ ၃ ရက်အထိ ကျင်းပမယ့် ပူးတွဲ ဖျော်ဖြေပွဲအတွက် ပြုံးယမ်းကို သွားရောက်ကြဦးမှာပဲ ဖြစ်ပါတယ်။ allkpop

ဆက်စပ်နေသော ရေးသားချက်များ

Banner Top