Banner Top

Member Area

TIME မဂ္ဂဇင်း၏ ၂၀၁၈ ခုနှစ် လွှမ်းမိုးနိုင်မှုအရှိဆုံးလူပုဂ္ဂိုလ် အယောက် ၁၀၀ စာရင်းဆန်ခါတင်စာရင်းတွင် BTS အဖွဲ့ပါဝင်

  •  Uchun
  • Category: News

BTS အဖွဲ့ဟာ TIME မဂ္ဂဇင်းရဲ့ ၂၀၁၈ ခုနှစ်အတွက် အလွှမ်းမိုးနိုင်ဆုံးလူပုဂ္ဂိုလ် အယောက် ၁၀၀ စာရင်းအတွက် ဆန်ခါတင်သတ်မှတ်ခံလိုက်ရပါတယ်။

နှစ်တစ်နှစ်စီတိုင်းမှာ မဂ္ဂဇင်းဟာ ကမ္ဘာ့အထင်ကရ အဖြစ်ဆုံးလူပုဂ္ဂိုလ်ချို့လို့ ယူဆရတဲ့ ကျယ်ပြန့်တဲ့ နယ်မြေကဏ္ဍတွေထဲက လူပုဂ္ဂိုလ် အယောက်တစ်ရာ စာရင်းကို ဖန်တီးခဲ့ပါတယ်။ အဲဒီစာရင်းကို TIME မဂ္ဂဇင်းရဲ့ အယ်ဒီတာတွေက ဆုံးဖြတ်တာဖြစ်ပေမယ့် စာဖတ်သူတွေရဲ့ အမြင်ကိုလည်း မဲပေးရွေးချယ်မှုတွေကနေ တဆင့် ကောက်ယူပါတယ်။


ဒီနှစ်အတွက် စာဖတ်သူတွေရဲ့ မဲပေးရွေးချယ်မှုကတော့ စတင်ခဲ့ပြီဖြစ်ပြီး BTS အဖွဲ့ဟာ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်လာခဲံပါတယ်။ အဲဒီစာရင်းထဲမှာ ပါဝင်တဲ့အခြားပုဂ္ဂိုလ်တွေထဲမှာဆိုရင်တော့ တောင်ကိုရီးယားသမ္မတမွန်းဂျယ်အင်းနဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်လို နိုင်ငံရေးသမားတွေ၊ ဘီယွန်းစေးနဲ့ ဘရူနိုမားစ်တို့လို့ အနုပညာရှင်တွေ၊ ချက်ဝစ် ဘို့စ်မန်း နဲ့ မီလီဘော်ဘီဘရောင်းတို့လို့ သရုပ်ဆောင်တွေ၊ ကျောင်းသားတက်ကြွလှုပ်ရှားသူတွေ၊ လုပ်ငန်းခေါင်းဆောင်တွေ၊ အားကစားသမားတွေနဲ့ ၂၀၁၈ ခုနှစ်မှာ အမှတ်တရဖြစ်စေတဲ့ လူတချို့လည်းပါဝင်ပါတယ်။ စာဖတ်သူတွေရဲ့ မဲပေးရွေးချယ်မှုဟာ ဧပြီ ၁၇ ရက်မှာ ပြီးဆုံးမှာဖြစ်ပြီး TIME 100 စာရင်းကို ဧပြီ ၁၉ ရက်မှာထုတ်ပြန်မှာဖြစ်ပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top