Logo
Print this page

အချိန်ဇယားတိုက်ဆိုင်နေမှုကြောင့် မြောက်ကိုရီးယားဖျော်ဖြေပွဲတွင် Red Velvet အဖွဲ့ဝင် Joy ပါဝင်နိုင်မည်မဟုတ်


Joy ဟာ မြောက်ကိုရီးယားနိုင်ငံ၊ ပြုံးယမ်းမြို့မှာ Red Velvet အဖွဲ့နဲ့အတူ ဖျော်ဖြေနိုင်တော့မှာ မဟုတ်ပါဘူး။

မတ် ၃၀ မှာပဲ SM အင်တာတိန်းမန့်မှ သတင်းရင်းမြစ်တစ်ခုက “သူတို့ ကျွန်တော်တို့ကို ဖျော်ဖြေခို်င်းတဲ့အချိန်မှာ Red Velvet အဖွဲ့ဝင်အားလုံး ဖျော်ဖြေနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ အချိန်ဇယားတွေ ကို စီစဉ်ခဲ့ရပါတယ်၊ ပြုံးယမ်းမှာလုပ်မယ့် ဖျော်ဖြေပွဲအတွက် အချိန်ဇယားက ခဏတဖြူတ်ပဲ မဟုတ်ပါဘူး၊ Tempted ရဲ့ ထုတ်လုပ်ရေးဝန်ထမ်းက Joy သာ ရိုက်ကူးရေးလုပ်နိုင်မည်မဟုတ်ပါက ပုံမှန်ထုတ်လွှင့်နေတဲ့ အချိန်ဇယားအတိုင်း ဒရမ်မာကို ထုတ်လွှင့်နိုင်မှာမဟုတ်တော့ဘူးလို့ ကျွန်တော်တို့ဆီကို အကြောင်းကြားလာပါတယ်၊ ကံမကောင်းစွာနဲ့ပဲ သူဟာ ဖျော်ဖြေပွဲကို တက်ရောက်နိုင်တော့မှာမဟုတ်ပါဘုူး” လို့ OSEN သတင်းကိ်ု ပြောကြားခဲ့ပါတယ်။


ဖျော်ဖြေပွဲကို မတ် ၃၁ ရက်ကနေ ဧပြီ ၃ ရက်အထိ လေးရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်။ Red Velvet အဖွဲ့ဟာ ဧပြီ ၁ရက်မှာ “Red Flavor” နဲ့ “Bad Boy” သီချင်းတို့ကို ဖျော်ဖြေမှာဖြစ်ပါတယ်၊ ဧပြီ ၃ ရက်မှာ မြောက်ကိုရီးယား ဖျော်ဖြေသူတွေနဲ့ ပူးတွဲ ဖျော်ဖြေပွဲ ပြုလုပ်ဖို့ရှိပါတယ်၊
soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!