Banner Top

Member Area

BTS အဖွဲ့ဝင် Suga နှင့် Suran တို့ မေတ္တာမျှနေပြီဆိုသော သတင်းမဟုတ်မှန်ကြောင်း Big Hit ပြန်ရှင်း

  •  AA
  • Category: News

BTS အဖွဲ့ဝင် Suga နဲ့ Suran တို့ တွဲနေကြပြီဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ ပတ်သက်လို့ Big Hit အင်တာတိန်းမန့်က မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

မတ် ၂၇ ရက်မှာပဲ Suran ဟာ သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ကိုရီးယားဘာသာစကားနဲ့ တောက်ပသော လို့ အမည်ရပြီး Suga ရဲ့ နာမည်ရင်းဖြစ်တဲ့ “Yoongi” ဆိုတဲ့ စကားလုံးပါဝင်တဲ့ ပို့စ်တစ်ခုနဲ့ စုံတွဲပစ္စည်းလို့ ယူဆရတဲ့ ဓါတ်ပုံတွေကြောင့် ကောလာဟလတွေ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။


အဲဒါကို တုန့်ပြန်တဲ့အနေနဲ့ Big Hit အင်တာတိန်းမန့်ဟာ အခုလိုမှတ်ချက်ပေးပြောဆိုထားပါတယ်။


“Suga နဲ့ Suran တို့ တွဲနေကြပြီဆိုတဲ့ ကောလာဟလသတင်းတွေက အမှန်မဟုတ်ပါဘူး၊ သူတို့ဟာ သီချင်းအတူတူ ထုတ်လုပ်ရေးမှာ လုပ်ကိုင်ခဲ့ကြတာသာဖြစ်ပါတယ်”


Suga ဟာ ၂၀၁၇ ခုနှစ် ဧပြီလမှာ ဖြန့်ချိခဲ့တဲ့ Suran ရဲ့ “Wine” သီချင်းကို ထုတ်လုပ်ပေးခဲ့ဖူးပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top