Banner Top

Member Area

တောင်ကိုရီးယားသမ္မတကတော်က အဘူဒါဘီမှာရှိတဲ့ ကျောင်းသူလေးတွေကို BTS အခွေလက်ဆောင်ပေး

  •  Uchun
  • Category: News

တောင်ကိုရီးယားသမ္မတကတော်က အဘူဒါဘီမှာရှိတဲ့ ကျောင်းသူလေးတွေကို လက်မှတ်ထိုးထားတဲ့ BTS အဖွဲ့ရဲ့ အယ်လ်ဘမ်တွေကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

528524

 

မတ် ၂၅ ရက်မှာ သမ္မတကတော် ကင်ဂျောင်ဆော့ဟာ ယူအေအီးကို သမ္မတမွန်းဂျယ်အင်းနဲ့အတူ ၃ ရက်ကြာခရီးစဉ်အနေနဲ့ လိုက်ပါလာတာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အတွင်းမှာ သမ္မတကတော်ကင်ဂျောင်ဆော့ဟာ ကိုရီးယားဘာသာစကား သင်တန်းတွေ ပို့ချပေးနေတဲ့ အဘူဒါဘီမှာရှိတဲ့ ကိုရီးယားယဉ်ကျေးမှုစင်တာတစ်ခုဖြစ်တဲ့ King Sejong Institute Foundation က ကျောင်းသူလေးတွေနဲ့တွေ့ဆုံပြီး အချိန်ကုန်ဆုံးခဲ့ပါတယ်။ ကိုရီးယားစကား ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားတဲ့ အဲဒီကျောင်းသူလေးတွေဟာ သူတို့ ကိုရီးယားနိုင်ငံကို ချစ်မြတ်နိုးတဲ့အကြောင်း ကင်ဂျောင်ဆော့ကို ပြောကြားပေးခဲ့ကြပါတယ်။

253663987
သမ္မတကတော်က "ကိုရီးယားစကား ဘယ်လိုကြောင့် ထူးချွန်လာတာလဲ" လို့မေးလိုင်ပါတယ်။ ကျောင်းသူလေးတွေက သူတို့တွေဟာ ကိုရီးယားအစားအစာနဲ့ K-pop တို့အပါအဝင် ကိုရီးယားယဉ်ကျေးမှု ကို ကြိုက်နှစ်သက်ပြီးတဲ့နောက် ကိုရီးယားဘာသာစကားကို စတင်လေ့လာသင်ယူဖြစ်တယ်လို့ဆိုါပတယ်။ လက်ဆောင်အနေနဲ့ ကင်ဂျောင်ဆော့ဟာ လက်မှတ်ထိုးထားတဲ့ BTS အယ်လ်ဘမ်တွေကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။


ဗီဒီယိုကို ဒီမှာကြည့်ပါ



KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top