Logo
Print this page

iHeartRadio ဂီတဆုပေးပွဲမှာ BTS အဖွဲ့အကောင်းဆုံးအမျိုးသားအဆိုတော်အဖွဲ့ဆုရရှိ

BTS အဖွဲ့ဟာ ၂၀၁၈ ခုနှစ် iHeartRadio ဂီတဆုပေးပွဲမှာ ဆုကြီးတစ်ခုကို ရရှိခဲ့ပါတယ်။

မတ် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ Inglewood မြို့မှာရှိတဲ့ The Forum မှ အဲဒီဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး BTS အဖွဲ့ကတော့ သူတို့ရဲ့ များပြားတဲ့အချိန်ဇယားတွေကြောင့် တက်ရောက်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ဒါပေမယ့် အဲဒီဆုပေးပွဲအတွင်းမှာ BTS အဖွဲ့ဟာ အကောင်းဆုံးအမျိုးသားအဆိုတော်အဖွဲ့ ဆုကို ရရှိခဲ့ပါတယ်။ အဖွဲ့ဟာ ဗီဒီယိုမက်ဆေ့ချ်ကနေ တဆင့် ကျေးဇူးတင်စကားဆိုခဲ့ရပါတယ်။ RM က "ကျွန်တော်တို့ရဲ့ BTS Army အဖွဲ့က ဖြစ််အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ ဆုပဲဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အဖွဲ့ဝင် J-Hope ကတော့ ကိုရီးယားဘာသာစကားနဲ့ "ကျွန်တော်တို့ တကယ်ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ချစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

BTS အဖွဲ့ဟာ အကောင်းဆုံးအမျိုးသားအဆိုတော်အဖွဲ့ဆုကို ရရှိရုံသာမကပဲ ပရိသတ်အဖွဲ့ဖြစ်တဲ့ Army ကလည်း အကောင်းဆုံး ပရိသတ် Army ဆုကို ရရှိခဲ့ပါတယ်။ ဗီဒီယို မက်ဆေ့ချ်ကနေပဲ ပရိသတ်တွေကို BTS အဖွဲ့က ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!