Banner Top

Member Area

K-Pop အဖွဲ့တွေရဲ့ MV တွေမှာ ကြည့်ရှုမှု သန်း ၃၀၀ အမြန်ဆုံးရရှိခဲ့တဲ့ BTS ရဲ့ DNA

  •  Micky
  • Category: News

BTS ရဲ့ DNA သီချင်းဟာ YouTube မှာ ကြည့်ရှုသူ သန်း ၃၀၀ ကို ရောက်ရှိခဲ့တဲ့ အမြန်ဆုံး Kpop အဖွဲ့ MV တစ်ခုဖြစ်လာခဲ့ပြီး အဲဒီမှတ်တိုင်ကို ရရှိတဲ့ အဖွဲ့ရဲ့ ပထမဆုံး MV လည်း ဖြစ်လာပါတယ်။

bts dna 2

အဲဒီသီချင်းဟာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီီ ၁၈ ရက်မှာ ဖြန့်ချိခဲ့တဲ့ နောက်ဆုံးမီနီအယ်လ်ဘမ်ဖြစ်တဲ့ “Love Yourself: Her” ထဲက ခေါင်းစီးတေး ဖြစ်ပါတယ်။ Billboard ရဲ့ ဟော့အဖြစ်ဆုံး သီချင်းအပုဒ် ၁၀၀ စာရင်မှာလည်း ပထမဆုံး ပါဝင်ခဲ့တဲ့ သီချင်းဖြစ်ပြီး သီတင်းလေးပတ်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဲဒီ MV ဟာ ၂၀၁၇ ခုနှစ် Melon Music Awards ဆုပေးပွဲမှာ အကောင်းဆုံးဂီတဗီဒီယို ဆုကိုရရှိခဲ့ပါသေးတယ်။

“DNA” MV ဟာ Kpop အဖွဲ့ MV တွေမှာ ၂၄ နာရီအတွင်း လူကြည့်နှုန်းအမြင့်ဆုံး MV ဖြစ်ထားပြီးတော့ သန်း ၃၀၀ ရရှိဖို့လည်း အမြန်ဆုံးရရှိခဲ့တဲ့ MV ဖြစ်ပါတယ်။ မတ်လ ၇ ရက်မှာ သန်း ၃၀၀ ရောက်ရှိခဲ့တဲ့အတွက် ၅ လ နဲ့ ၁၆ ရက်အတွင်း ရရှိခဲ့တဲ့စံချိန်ကိုလည်း တင်ခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုမှု သန်း ၃၀၀ ရရှိထားတဲ့ အခြား Kpop အဖွဲ့ MV နှစ်ခုရှိပါသေးတယ်။ TWICE အဖွဲ့ရဲ့ TT သီချင်းက ၁၃ လနဲ့ ၂၈ ရက်မှာ ရရှိခဲ့တာဖြစ်ပြီး BIGBANG ရဲ့ “Fantastic Baby” ကလည်း သန်း ၃၀၀ ကျော်အောင် ရရှိထားပါသေးတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top