Banner Top

Member Area

tvN က ထုတ်လွှင့်မယ့် ဒရမ်မာမှာပါဝင်ဖို့ လီဂျွန်ကီဆွေးနွေးနေ

  •  Micky
  • Category: News

မင်းသားလီဂျွန်ကီဟာ tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ် ဒရမ်မာမှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်မှာ လီဂျွန်ကီရဲ့ အေဂျင်စီ Namoo Actors မှ ကိုယ်စားလှယ်တစ်ဦးက "လီဂျွန်ကီဟာ TVn ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် 'Lawyer without Law' အမည်ရှိတဲ့ ဒရမ်မာအသစ်အတွက် ကမ်းလှမ်းချက်ကိုလက်ခံရရှိထားပါတယ်။ အဲဒီအတွက် ဘာကိုမှ အတည်ပြုနိုင်တာတော့မရှိသေးပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

'Lawyer without Law' ဇာတ်လမ်းတွဲကတော့ ဥပဒေကို အယုံအကြည်မရှိတဲ့ ရှေ့နေတစ်ဦးရဲ့ အကြောင်းကို ပုံဖော်မှာဖြစ်ပါတယ်။ သူဟာ မိသားစုဖြစ်သူအတွက် ကလဲ့စားချေဖို့ ရှေ့နေတစ်ဦးဖြစ်လာခဲ့သူပါ။ တကယ်လို့သာ လီဂျွန်ကီသာ အဲဒီဇာတ်ရုပ်ကိုလက်ခံဖြစ်မယ်ဆိုရင်တော့ အဲဒီဒရမ်မာဟာ 'Criminal Minds' ရုပ်သံဇာတ်လမ်းတွဲနောက်ပိုင်း ပထမဆုံးအနုပညာလှုပ်ရှားမှု ဖြစ်လာမှာပါ။
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top