Banner Top

Member Area

မကြာခင်ပြသတော့မယ့် ဒရမ်မာထဲမှာ ရဲဝန်ထမ်းတစ်ဦးအနေနဲ့မြင်တွေ့ရမယ့် လီဂွမ်ဆူ

  •  Micky
  • Category: News

tvN ရုပ်သံလိုင်းဟာ “Live” ဒရမ်မာရဲ့ Trailer ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် ဇာတ်လမ်းထဲမှာ ရဲဝန်ထမ်းတစ်ဦးအနေနဲ့ မြင်တွေ့ရမယ့် မင်းသားလီဂွမ်ဆူရဲ့ ရုပ်ငြိမ်ဓါတ်ပုံတွေကိုဖြန့်ချိလိုက်ပါတယ်။

Lee Kwang Soo2

“Live" ဒရမ်မာကတော့ ဟုန်ဂီ လှည့်ကင်းဌာနခွဲမှာ အလုပ်လုပ်နေတဲ့ ရဲအရာရှိတွေရဲ့ ဘဝတွေကို ပုံဖော်ထားမှာဖြစ်ပြီး နိုင်ငံသားတွေနဲ့ ဥပဒေကို နေ့ရောညပါ ကာကွယ်ဖို့ ကြိုးစားကြတဲ့အကြောင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဒရမ်မာဟာ ယူနီဖောင်းတွေ နောက်ကွယ်က ရဲဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် ဇာတ်လမ်းတွေကို မီးမောင်းထိုးပြသမှာလည်း ဖြစ်ပါတယ်။

လီဂွမ်ဆူကတော့ ဒီဒရမ်မာထဲမှာ ပြဿနာအမြဲရှာတတ်တဲ့ တက်သစ်စ ရဲအရာရှိ ယုံဆန်းဆူအဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ ယုန်ဆန်းဆူဟာ တာဝန်သိတတ်လို့ဆိုတာထက် ဘဝစားဝတ်နေရေးအတွက် ရဲဝန်ထမ်း တစ်ဦး ဖြစ်လာသူပါ၊ သူဟာ သူဖြစ်ချင်ခဲ့တဲ့ ရဲဝန်ထမ်းပုံစံမျိုးနဲ့မတူဘဲ ပျာယာခတ်နေတတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ သူစွမ်းနိုင်သလောက် အကောင်းဆုံးကို လုပ်ဆောင်ဖို့ စိတ်အားထက်သန်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူကြိုးစားပေမယ့်လည်း သူဘယ်ကိုပဲ သွားသွား ကံမကောင်းဘဲ ဒုက္ခရောက်လေ့ရှိတဲ့ သူလည်း ဖြစ်ပါတယ်။
ဖြန့်ချိလိုက်တဲ့ ဓါတ်ပုံတွေထဲမှာဆိုရင်တော့ လီဂွမ်ဆူဟာဝတ်စုံပြည့်ယူနီဖောင်းနဲ့တွေ့မြင်ရဲ့ တကယ့်ရဲသား အစစ်လိုမျိုးနဲ့ တူပါတယ်၊ အရက်သောက်ပြီးကားမောင်းသူတွေကို စစ်ဆေးတဲ့နေရာ ရိုက်ကွင်းမှာ တကယ့်ကိုပဲ သည်းသည်းသန်သန်နဲ့ ကြိုးစားသရုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

“Live” ဇာတ်လမ်းတွဲကိုတော့ “Hwayugi” ဇာတ်လမ်းတွဲပြီးတဲ့နောက် ပြသမှာဖြစ်ပြီး ပထမဆုံးအပိုင်းကို မတ်လ ၉ ရက်၊ ကိုရီးယားစံတော်ချိန် ည ၉ နာရီမှာ စတင်ထုတ်လွှင့်ပြသမှာပဲ ဖြစ်ပါတယ်။
soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top