Banner Top

Member Area

BTS အဖွဲ့ရဲ့ ပရိသတ်ဖြစ်ကြောင်း Backstreet Boys အဖွဲ့ထုတ်ဖော်ပြောဆို

  •  Micky
  • Category: News

နာမည်ကျော် အမေရိကန်အမျိုးသားအဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ Backstreet Boys အဖွဲ့က သူတို့ဟာ BTS အဖွဲ့ရဲ့ ပရိသတ်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ကြပါတယ်။

temp 451e33baba31a9f3b31e6d9680fc205c

ဖေဖော်ဝါရီ ၆ ရက်မှာပဲ အဖွဲ့သားတွေဟာ တွစ်တာကနေ ပရိသတ်တွေမေးမြန်းတဲ့ မေးခွန်းတွေကို ဖြေကြားရင်း နှုတ်ဆက်ခဲ့ပါတယ်။ blonde nat ဆိုတဲ့ သုံးစွဲသူတစ်ဦးက BTS အဖွဲ့ဝင်တွေဟာ Backstreet Boys ရဲ့ သီချင်းတွေကို နားထောင်လေ့ရှိကြတယ်လို့ ပြောဆိုပြီး BTS အဖွဲ့ နဲ့ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲဆိုတဲ့မေးခွန်း မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကိုတော့ အဖွဲ့ဝင် နစ်ခ်က "ခင်ဗျားတို့လည်းသိတာပဲ၊ ကျွန်တော်တို့က BTS အဖွဲ့ရဲ့ ပရိသတ်အကြီးစားတွေပါ၊ ကျွန်တော်တို့သူတိို့ကိုသဘောကျပါတယ်၊ တကယ်တော့ Aoki က မဖြန့်ချိရသေးတဲ့ သူတို့ရဲ့ သီချင်းတစ်ပုဒ်ကျွန်တော်တို့ကို ဖွင့်ပြတယ်၊ သူစတူဒီယိုထဲမှာလုပ်တဲ့ Remix သီချင်းတစ်ပုဒ်ပါ၊ ဒါကြောင့် Steve Aoki နဲ့အတူ ကျွန်တော်တို့ကို တစ်ခုခု လုပ်ဆောင်သွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ သူကတော့ လတ်စ်ဗီးဂတ်မှာ ပြုလုပ်မယ့် သူတို့ရဲ့ ဖျော်ဖြေပွဲကိုလာဖို့ BTS အဖွဲ့ကို ဖိတ်ကြားသွားမယ်လို့ ဆိုပါတယ်။

မကြာမီ Backstreet Boys အဖွဲ့နဲ့ BTS အဖွဲ့တို ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ရပါတယ်။


KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top