Logo
Print this page

Forbes Korea မှာ ဖော်ပြခံခဲ့ရတဲ့ BTS နဲ့ ဂန်ဒန်နီယယ်

Forbes Korea ဟာ '2030 Power Leaders' ဆိုတဲ့ခေါင်းစဉ်အောက်မှာ BTS အဖွဲ့နဲ့ ဂန်ဒန်နီယယ်တို့ကို ထည့်သွင်းဖော်ပြခဲ့တာကိုတွေ့ရပါတယ်။

temp 8019c9bc1e54d09a291e06e9851c3e41

၂၀၁၂ ခုနှစ်ကနေစတင်ပြီး လူမှုအသိုက်အဝန်းကို ကြီးကြီးမားမား ရိုက်ခတ်မှုတွေရှိခဲ့တဲ့ အသက် ၂၀ နဲ့ ၃ဝ ကြားက လွှမ်းမိုးနိုင်မှုအရှိဆုံးနာမည်စာရင်းကို Forbes က ပြုစုခဲ့တာ ဖြစ်ပါတယ်။ ဖျော်ဖြေရေးကဏ္ဍဘက်မှာတင်သာမက နည်းပညာ၊ အလှအပနဲ့ ဘဏ္ဍာရေးကဏ္ဍဘက်ဆီမှ နာမည် ကျော်ကြားသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။

JTBC ညွှန်ကြားရေးမှူးက "BTS ဟာ ကေပေါပ်အဖွဲ့တစ်ခုအနေနဲ့ အမျိုးအစားခွဲခြားရုံသာမက ကမ္ဘာလုံးဆိုင်ရာ စျေးကွက်မှာ အကောင်းဆုံးအမျိုးသားအဆိုတော်အဖွဲ့လည်း ဖြစ်ပါတယ်" လို့ ပြောကြားထားပါတယ်။ BTS အဖွဲ့ဟာ ကိုရီးယားပြည်တွင်းမှာသာမက ကမ္ဘာပေါ်မှာလည်း နာမည်ကျော်ကြား နေပြီဖြစ်ပါတယ်။ သူတို့ရဲ့ fandom ဖြစ်တဲ့ ARMY လည်း ကြီးမားနေပြီဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ရုပ်ရှင်ဝေဖန်သူ ဟွမ်နမ်ဝေါင်းက ဂန်ဒန်နီယယ်ကို ဖျော်ဖြေရေးလုပ်ငန်းရဲ့ အထူးနာမည်ကျော် ကြားသူတစ်ဦးအနေနဲ့ဖော်ပြပါတယ်။ ဂန်ဒန်နီယယ်ဟာ ကဏ္ဍစုံရှိုးတွေအပါအဝင် များပြားတဲ့ နယ်ပယ်တွေမှာ ထူးချွန်တဲ့ ဘက်စုံတော်တဲ့ အိုင်ဒေါတစ်ယောက်လည်း ဖြစ်ပါတယ် လို့ ပြောကြားထားပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!