Logo
Print this page

ပရောဂျက်အသစ်လုပ်ဖို့ SM ၊ Big Hit နဲ့ JYP တို့ပူးပေါင်းမည်

SM X Big Hit X JYP တို့ရဲ့ collaboration ကတော့ မကြာခင်ဖြစ်ပေါ်လာတော့မှာပါ။

base 02123cd6504e97bae23e372e322f14b0

ဇန်နဝါရီ ၃၁ ရက်မှာပဲ အဲဒီ ကုမ္ပဏီ ၃ ခုတို့ဟာ SK Telecom နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် တွေ့ဆုံခဲ့ကြပါတယ်။

သူတို့ ၃ ခုပေါင်းပြီးတော့ B2B Music Content နဲ့ B2C ဂီတဝန်ဆောင်မှု အစီအစဉ်တို့ကို ဖန်တီးပြီးတော့ ဂီတလုပ်ငန်း တိုးတက်စေဖို့ ပုံစံတစ်မျိုးနဲ့ ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ အဲဒီပရောဂျက်တွေကတော့ ပိုကောင်းတဲ့ Content တွေ ဝေမျှပေးနိုင်ဖို့ နဲ့ သုံးစွဲသူတွေဆီပိုကောင်းတဲ့ ဝန်ဆောင်မှုကို ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

SM အင်တာတိန်းမန့်၊ Big Hit အင်တာတိန်းမန့်နဲ့ JYP အင်တာတိန်းမန့်တို့ဟာ SK Telecom ရဲ့ iriver ကနေ တဆင့် Digital နဲ့ Physical ဂီတတွေကို ဖေဖော်ဝါရီ ၁ ရက်နေ ဖြန့်ချိပေးသွားတော့မှာဖြစ်ပါတယ်။ အေဂျင်စီ ၃ ခုနဲ့စတင်ခဲ့တာဖြစ်ပေမယ့် ဒီပရောဂျက်တွေမှာ ပူးပေါင်းဖို့ တခြားအေဂျင်စီတွေနဲ့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။

KL

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!