Banner Top

Member Area

နှစ် ၂၀ နီးပါးအတွင်း ပထမဆုံးအဖြစ် ကုမ္ပဏီအဆောက်အဦကို နေရာရွှေ့ပြောင်းရန် SM ပြင်ဆင်နေဟုဆို

  •  WN
  • Category: News

SM အင်တာတိန်းမန့်ဟာ မကြာခင် အဆောက်အဦအသစ်တစ်ခုကို ရနိုင်တော့မယ်လို့ သိရပါတယ်။

သတင်းတွေရဲ့အဆိုအရ SM အင်တာတိန်းမန့်ဟာ လက်ရှိ ဂန်နမ်မှာရှိတဲ့ ဌာနချုပ်အဆောက်အဦကနေ ဆိုးလ်မြို့ ဆောင်ဆူကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

1604454017595 0

အေဂျင်စီဟာ 'Acro Seoul Forest Office' ဧရိယာမှာ အဆောက်အဦအသစ်ကို ရရှိမယ်လို့ သိရပါတယ်။ SM အင်တာတိန်းမန့်ဟာ ပိုမိုကောင်းမွန်တဲ့ နေရာလုံခြုံရေးနဲ့ ယာဉ်လမ်းကြောစနစ်အတွက် ဆောင်းဆုကို ပြောင်းရွှေ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

1604455374972 0

တကယ်လို့သာ နေရာပြောင်းရွှေ့မှုအမှန်တကယ်ဖြစ်လာမယ်ဆိုရင် ဒါဟာ နှစ်ပေါင်း ၂၀ နီးပါးကာလအတွင်း SM ရဲ့ ပထမဆုံးနေရာရွှေ့ပြောင်းမှု ဖြစ်လာမှာပါ။ အခုကတော့ Apgujeong မှာရှိတဲ့ Galleria စတိုးဆိုင်ဘေးမှာရှိတဲ့ SM အင်တာတိန်းမန့်ရဲ့လက်ရှိအဆောက်အဦကို ၁၉၉၉ ခုနှစ်ကစလို့ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။
SM အင်တာတိန်းမန့်ရဲ့ ကိုယ်စားလှယ်တစ်ဦးက "ကျနော်တို့ဟာ ဟိုအချိန်တော်တော်ကြာကတည်းက ဌာနချုပ်ကို နေရာရွှေ့ပြောင်းဖို့ ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ဘာကိုမှာတော့ တရားဝင် အတည်မပြုရသေးပါဘူး။' လို့ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Banner Top