Banner Top

Member Area

Big Hit အင်တာတိန်းမန့်မှာ ဘာကြောင့် အခုအချိန်မှာ မိန်းကလေး လေ့ကျင့်သူ မရှိရတာလဲ

  •  NR
  • Category: News

Big Hit အင်တာတိန်းမန့်ရဲ့ အဆိုအရ သူတို့အေဂျင်စီဟာ အမျိုးသား သင်တန်းသားတွေကိုသာ ရှာဖွေနေတယ်လို့ သိရပါတယ်။

ထုတ်လုပ်သူ ဘန်ရှီ‌ဟော့ ကတော့ သူရဲ့ အမျိုးသားသင်တန်းသားတွေကိုသာ လက်ခံရတဲ့ အကြောင်းရင်းက GLAM ဟုအမည်ရတဲ့ Big Hit အင်တာတိန်းမန့် ရဲ့ ပထမဆုံးသော အမျိုးသမီး အဖွဲ့ကြောင့်လို့တော့ အတည်အလင်းပြောပြထားချင်မရှိပါဘူး ..ဒါပေမဲ့ အကျိုးသက်ရောက်မှုရှိတယ်ဆိုရင်လည်း မမှားပါဘူး။အကြောင်းပြချက်လေးကို ဖော်ပြလိုက်ပါတယ်။

ef kiol98p grw


BTS အဖွဲ့ ပွဲဉီးမထွက်ခင် ထုတ်လုပ်သူ ဘန်ရှီ‌ဟော့ ဟာ Source Music နဲ့ အတူပူးပေါင်းပြီး GLAM လို့ အမည်ရတဲ့ မိန်းကလေး အိုင်ဒေါ အဖွဲ့ကို ဖန်တီးခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ မှာ စုစုပေါင်းအဖွဲ့ဝင် ငါးဉီး နဲ့ GLAM အဖွဲ့ကို Big Hit အင်တာတိန်းမန့် Source Music နဲ့ပူးပေါင်းပြီးတော့ စင်တင်ပေးခဲ့ပါတယ်။ GLAM အဖွဲ့ဟာ Bang Shi Hyuk နဲ့ Pdogg တို့ရဲ့ ပွဲဉီးထွက် သီချင်းဖြစ်တဲ့ “ Party(XXO)” ဆိုတဲ့ သီချင်းကို အဖွဲ့ဝင် တစ်ဉီးဖြစ်တဲ့ Dahee ရဲ့ “Vocaloid ‘” အသံနှင့် ဖျော်ဖြေခဲ့ပါတယ်။

98 y5rg ef ef


ပွဲဦးထွက်ပြီးမကြာသေးခင် မှာပဲ အဖွဲ့ဝင် TRINITY သည် အဖွဲ့ထဲကနေနှုတ်ထွက်ခဲ့ပါတယ်။ Source Music ရဲ့ ရှင်းပြချက်အရ ထွက်ခွာရတဲ့အကြောင်းရင်းကို ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့်လို့ ပြောပြခဲ့ပါတယ်။
ဒါပေမဲ့လည်း သတင်းတွေအရ အဖွဲ့ဝင် TRINITY ရဲ့ ပွဲဦးထွက်ဟာ မလုပ်ခင်ထဲက Super Junior အဖွဲ့ဝင် Lee Teuk ရဲ့ အစွန်းရောက် ပရိသတ်ဖြစ်ပြီး Lee Teuk ကိုအနှောင့်အယှက်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေရှိခဲ့ပါတယ်။

rg rgre grg

TRINITY ထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာ အဖွဲ့ဝင် လေးဉီးနဲ့ အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဘန်ရှီယော့၊ Pdogg နဲ့ BTS အဖွဲ့ဝင် RM တို့ရေးသားခဲ့တဲ့ “I LIKE THAT” ဆိုတဲ့ သီချင်းနဲ့ come back လုပ်ခဲ့ပါတယ်။ကံမကောင်းစွာပါပဲ။ အောင်မြင်မှုသိပ်မရခဲ့ပါဘူး။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ “ Special Gift ( Give it 2 U )” ဆိုတဲ့ သီချင်းနဲ့ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီသီချင်းဟာ သူတို့အဖွဲ့ရဲ့ နောက်ဆုံး သီချင်းဖြစ်ခဲ့ပါတယ်။


ပွဲဦးထွက်ခဲ့ပြီးတော်‌တော်ကြာအထိ အောင်မြင်မှုသိပ်မရရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အဖွဲ့ဝင်တွေအားလုံး အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ GLAM အဖွဲ့ရဲ့ ကြိုးစားမှုတွေဟာ အဖွဲ့ဝင် Dahee ရဲ့ အရှုပ်တော်ပုံတွေကြောင့် ပျက်စီးခဲ့ရပါတယ်။

(တစ်ချိန်တုန်းက အကြီးမားဆုံးသော အရှုပ်တော်ပုံဖြစ်တဲ့ မင်းသား လီဗြောင်ဟွန်းကို ခြိမ်းခြောက်မူ )

ik7uj hgg r

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ အမည်ရင်း Kim Si Won လို့ခေါ်တဲ့ Dahee ဟာ မင်းသား လီဗြောင်ဟွန်းကို ခြိမ်းခြောက်မှုနဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံခဲ့ရပါတယ်။ သူနဲ့ ကြံရာပါဖြစ်သူ မော်ဒယ် လီဂျီယွန်းဟာ သူတို့ သီးသန့်တွေဆုံချိန်ရိုက်ကူးထားသော ဗီဒီယိုကိုပြပြီး မင်းသား လီဗြောင်ဟွန်း ကို ဒေါ်လာ ၄ ဒဿမ ၅ သန်း ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

uj6 hgrg

အဲ့ဒီဗီဒီယိုမှာ မင်းသားလီဗြောင်ဟွန်းရဲ့ မသင့်တော်တဲ့ စကားလုံးတွေနဲ့ အပြုအမူတွေကိုရိုက်ကူး ဖော်ပြထားတယ်လို့သိရပါတယ်။ မင်းသား လီဗြောင်ဟွန်း ဟာ အဲ့ဒီ ခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် Dahee ဟာ စုံစမ်းစစ်ဆေးရေးမှ ‌ရှောင်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။


ဒါပေမဲ့လည်း သူ့ကိုဖမ်းဆီးဖို့ တရားဝင်ဝရမ်း ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ မှာဖမ်းဆီးခဲ့ပါတယ်။


အဲ့ဒီအချိန်မှစ၍ Dahee ဟာ သူ့ရဲ့ အပြုအမူနဲ့ ပတ်သတ်ပြီးနောင်တ ရကြောင်းနဲ့ ပြန်လည် ဆင်ခြင်နေကြောင်းကို လက်ရေးနဲ့ ‌ရေး ပြီးတောင်းပန်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ မှာ သူ့ကို အပြစ်ရှိကြောင်းတွေရှိခဲ့ပါတယ်။ ပထမဆုံး ရုံးတင်စစ်ဆေးခြင်းမှာ ထောင်ဒဏ် တစ်နှစ် အမိန့်ပေးခဲ့ပါတယ်။ သူကပြန်ပြီးအယူခံဝင်တဲ့ အခါမှာတော့ ထောင်ဒဏ် ၁ နှစ်နဲ့ စောင့်ကြည့်ကာလ နှစ်နှစ်အမိန့်ချခဲ့ပါတယ်။ သူဟာဒေါ်လာ ၂ သောင်း နဲ့ အာမခံ ရရှိခဲ့ပါတယ်။ အခုလို့ အာမခံရရှိတဲ့ အကြောင်းရင်းက မင်းသား လီဗြောင်ဟွန်းက လျှော့ပေါ့ပေးခဲ့မှုကြောင့်ဖြစ်ပါတယ်။

7i 5thg rg

အဲ့ဒီအချိန်မှာ Big Hit အင်တာတိန်းမန့်ဟာ GLAM အဖွဲ့နဲ့ စာချုပ်ကို ဖျက်သိမ်းခဲ့ပြီး GLAM အဖွဲ့ ပါ ပြိုကွဲသွားခဲ့ပါတယ်။ Big Hit အင်တာတိန်းမန့်က “အဖွဲ့ဝင် တစ်ဉီးရဲ့ တရားရင်ဆိုင်ရေးဆိုင်ရာ ပြသာနာတွေကြောင့် အေဂျင်စီအနေနဲ့ ဘယ်လိုမှရှေ့ဆက်ရန် မဖြစ်နိုင်တော့တဲ့ အတွက် ကျန်တဲ့ အဖွဲ့ဝင်တွေရဲ့ တောင်းဆိုချက်အရ ဖြတ်သိမ်းရန်ဆုံးဖြတ်ခဲ့ပါတယ်။ “ ဟုဖော်ပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ မေလမှာတော့ Dahee ဟာ Folloer ၄ ထောင်ကျော်ကျော်ရှိတဲ့ Afreeca TV မှာထုတ်လွှင့်သူအနေနဲ့ တင်ဆက်လေ့ရှိပါတယ် ။


---ကျွန်မ အချိန်ပိုင်း အသံသွင်းခြင်း နဲ့ မော်ဒယ် အလုပ်ကို လုပ်ကိုင်နေပါတယ် ဒါပေမဲ့လည်း ကျွန်မ သီချင်းဆိုတဲ့ အချိန်တွေကို လွမ်းပါတယ် ။ ကျွန်မသူငယ်ချင်းရဲ့ အကူအညီနဲ့ Instagram Live တွေလုပ်ပါတယ် ။

---Dahee ---

Big Hit အင်တာတိန်းမန့်ကိုထောက်ခံကြတဲ့သူတွေကတော့ GLAM အဖွဲ့ရဲ့ ကိစ္စတွေကလွဲပြီး တခြားအကြောင်းရင်းမရှိနိုင်ဘူးလို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ အထူးသဖြင့်အခုလို အချိန်မျိုးမှာပေါ့။ BTS အဖွဲ့ နိုင်ငံကျော် ကမ္ဘာကျော်အထိအောင်မြင်နေသော အချိန်ကာလမျိုးနဲ့ TXT အဖွဲ့ရဲ့အောင်မြင်ခါစ အချိန်ကာလမျိုးမှာ စွန့်စားစရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း Source Music နဲ့ပြန်လှည်ပေါင်းစည်းပြီး မိန်းကလေးအဖွဲ့ကို လေ့ကျင့်ပေးနေတယ်လို့လည်း သတင်းတွေထွက်ထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ မှာ ပွဲဦးထွက်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

#NR

ဆက်စပ်နေသော ရေးသားချက်များ

Banner Top